“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီး (၄)ရက်မြောက် နေ့တွင် ကျန်းမာရေး စောင့်ရှောက် ကူညီပေး




ရန်ကုန်မြို့ ၊ ကျိုက်က္ကဆံကွင်း တွင်ကျင်းပပြုလုပ်သော ” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”
ပွဲတော်ကြီး(၄)ရက် မြောက်နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) K-Ambulance အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ နှင့် ပါရမီဆေးရုံမှ ဆရာဝန်များသည် ပွဲတော်သို့ လာရောက်သော အများပြည်သူများ အား နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ကျန်းမာရေး စောင့်ရှောက်မှု (အခမဲ့) ပေးကာ ဝိုင်းဝန်းကူညီ ပေးခဲ့ပါသည်။ ” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကို (25.1.2019 မှ 30.1.2019) ရက်နေ့အထိ နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ပြုလုပ်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရပါသည်။