၂၀၀၂

၁၃.၁.၂၀၀၂ ပထမအကြိမ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ နှစ်ပတ်လည်အခမ်းအနားပြုလုပ် ဆရာမ သန်းမြင့်အောင် ရေးသားသည့် “ရေးဝေး-ထိန်ပင်-ထားဝယ်ချောင်” စာအုပ် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေ
၁၁.၃.၂၀၀၂ ဘိုကလေး လူမှုကရုဏာ အသင်းဖွင့်ပွဲသို့ သွားရောက်ဖွင့်လှစ်ပေး
၁.၅.၂၀၀၂ နာရေးကူညီမှုအသင်း (ရန်ကုန်) ဖွဲ့စည်းပုံ ဥပဒေမူကြမ်း အတွက် စတင်ဆွေးနွေး
၁၁.၅.၂၀၀၂ နာရေးကူညီမှုအသင်း (ရန်ကုန်) အစည်းအဝေးတွင် ဈာပန ပို့ဆောင်ရေး အဖွဲ့ ပြန်လည်ဖွဲ့စည်း၊ ဦးကျော်သူ ခေါင်းဆောင်အဖြစ် စတင်တာဝန်ထမ်း
၁၄.၅.၂၀၀၂ တက္ကသိုလ်ဘုန်းနိုင် ဈာပနကျင်းပ
၂၆.၅.၂၀၀၂ ဆရာကြီးလင်းယုန်မောင်မောင် ဈာပနကျင်းပ
၂.၇.၂၀၀၂ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အလှူငွေလက်ခံပုံ သတင်းစာထဲတွင်ပါရှိ (ဦးကျော်သူနှင့်)
၂၁.၈.၂၀၀၂ သန်လျှင် နာရေးကူညီမှု ကရုဏာအသင်း ဖွင့်ပွဲသို့ သွားရောက်
၁၉.၁၀.၂၀၀၂ ဆက်သွယ်ရေး အင်ဂျင်နီယာ ဦးအောင်ကြည်မြင့် + ဒေါ်စန်းကြည် (ခ) ဒေါ်မြစန်းကြည် တို့မှ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် တယ်လီဖုန်း-၅၆၀၃၃၃ လှူဒါန်း
၃၀.၁၀.၂၀၀၂ ရပ်ကွက်အတွင်း နာရေးကားများ မထားရှိရဘဲ ရေးဝေးမှာထားရန် တိုင်စာပို့ကြောင်း မယကမှ လာရောက်ပြောကြား
၁၀.၁၂.၂၀၀၂ ခရိုင်ရုံးမှ အသင်းကို ဖယ်ခိုင်းကြောင်းသိရ
………..၂၀၀၂ ဗိုလ်ချုပ်ဈေးသူ / သားများမှ နိဗ္ဗာန်ယာဉ်အဖြစ် အသုံးပြုရန် (Townace) ကားတစ်စီးလှူဒါန်း
၂၂.၂.၂၀၀၂ အသင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးကျော်သူမှ ဒုဥက္ကဌအဖြစ်လည်းကောင်း၊ ဒေါ်သန်းမြင့်အောင်မှပြန်ကြားရေး ခေါင်းဆောင် အဖြစ်လည်းကောင်း၊ ဒေါ်မြင့်မြင့်ခင်ဖေ (ဒေါ်ရွှေဇီးကွက်)မှ တွဲဘက်ဘဏ္ဍာရေးမှူး အဖြစ်လည်းကောင်း စတင်တာဝန်ယူခဲ့