၂၀၀၉

၆.၁.၂၀၀၉ ဗိုလ်ချုပ်မြင့်ဆွေ၏ ညွှန်ကြားချက်ဖြင့် ဆိပ်ကမ်းရဲစခန်းမှူးမှ အသင်းသို့လာရောက်ပြီး ရဲမှုခင်းများအား ကူညီမှုပေးနိုင်ခြင်း ရှိမရှိ လာရောက်မေးမြန်း အကူအညီတောင်းခံ
၈.၁.၂၀၀၉ စည်ပင်သာယာမှ မြောက်ဒဂုံမြေကွက်ဆက်လက် ဆောက်လုပ်ခွင့်ချပေး
၉.၁.၂၀၀၉ မြောက်ဒဂုံမြေကွက် အဆောက်အဦး ပြန်လည် စတင်ဆောက်လုပ်
၁၀.၂.၂၀၀၉ ပထမဦးဆုံး ရဲမှုခင်းလမ်းကြောင်း စတင်အကူအညီပေး
၁၇.၂.၂၀၀၉ (၂၈.၂.၂၀၀၉) ရက်နေ့ နောက်ဆုံးထား၍ ဈာပနမော်တော်ယာဉ်များ ရေးဝေးသို့ ပြောင်းရွှေ့ပေးရန် စည်ပင်မှ အကြောင်းကြားစာရောက်ရှိ
၂၇.၂.၂၀၀၉ ရေဝေးတွင် ကားဂိုထောင်ဆောက်ရန် နေရာပေး
၂၁.၃.၂၀၀၉ ဆရာမကြီး ဒေါ်ကြည်ဥ ဈာပန
၁၇.၄.၂၀၀၉ ကလေးဈာပနများတွင် ပို့ဆောင်ပေးရန်အတွက် ကလေးဈာပန မော်တော်ယာဉ် စတင်အသုံးပြု
၁၈.၄.၂၀၀၉ အင်္ဂလန်နိုင်ငံရောက် မြန်မာလူမျိုးများ စုပေါင်းပေးအပ်သော “ပြည်သူ့ဘက်သား အနုပညာသမား” ဆုကို ဦးကျော်သူ ရရှိ
၂၆.၄.၂၀၀၉ လူငယ်များ ဗဟုသုတ တိုးပွားစေရန်အတွက် လူငယ်စကားဝိုင်းများ ပြုလုပ်လျှင် ကောင်းမည်ထင်ကြောင်း အသင်းတွင်စတင် ဆွေးနွေး
၃.၅.၂၀၀၉ လူငယ်စကားဝိုင်း စတင်ပြုလုပ်
၁၆.၅.၂၀၀၉ အဆောက်အဦးအတွက် ၁၂၄ သိန်း မတည်အလှူရှင်ကို ဖိတ်၍ ကျောက်ထုပ်လောင်း အခမ်းအနားကျင်းပ
၁၇.၅.၂၀၀၉ နိဗ္ဗာန်ယာဉ်အားလုံးအား သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ကျောင်းဝင်းတွင်းမှ ရေဝေးရှိအသင်းရုံးခွဲသို့ တန်းစီ မောင်းနှင် ရွှေ့ပြောင်း
၁၃.၆.၂၀၀၉ ပလပ်စတစ်အမှိုက်ပုံ မြောက်ဒဂုံမြေကွက်အား သဲဖို့ခြင်း လုပ်ငန်းစတင်
၂၇.၆.၂၀၀၉ အသင်းအစည်းအဝေးတွင် ဈာပနအားလုံးအား မှန်ခေါင်း အသုံးပြုခွင့်ပေးရန် ဆုံးဖြတ်
၁.၇.၂၀၀၉ နာရေးကူညီမှု အသင်းအား သင်္ဃန်းကျွန်းရုံးမှ မြောက်ဒဂုံရုံးသို့ ပြောင်းရွှေ့
၈.၇.၂၀၀၉ တိုင်းကျန်းမာရေးတွင် သုခဆေးခန်းလိုင်စင် သွားတင်ရာ စဖွင့်နိုင်ပြီဟု နှုတ်မိန့်နှင့်ခွင့်ပြု
၉.၇.၂၀၀၉ စည်ပင်သို့ နေထိုင်ခွင့်လျှောက်ရာ ရာဖြတ်ဋ္ဌာန အခွန်ကင်းလွတ်ခွင့်ပေး
၁၉.၇.၂၀၀၉ “သုခ” ဆေးခန်းကို မြောက်ဒဂုံမြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ပွဲ ကျင်းပ၊ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်
၂၁.၇.၂၀၀၉ ၃၈-လမ်း ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေး ဋ္ဌာနမှ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူများကို ခေါ်ကြား၍ ဈာပနလုပ်ငန်းနှင့် နာရေးကားများကို ရေဝေး သချုင်္ံင်းသို့ ပြောင်းရွှေ့ထားရှိရန် ပြောကြား
၂၂.၇.၂၀၀၉ ၃၈-လမ်း ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေး ဋ္ဌာနမှ အသင်း၏ လုပ်ငန်းစဉ်များကို လာရောက်လေ့လာပြီး ကျေနပ်မှုရှိသဖြင့် ဈာပနလုပ်ငန်းနှင့် နာရေးကားများကို မူလအတိုင်းထားရှိရန် ပြန်လည်ပြောကြား
၂၃.၇.၂၀၀၉ USA မှ ဒေါက်တာအေးမင်းနှင့် ဒေါက်တာမူမူမင်း တို့မှ လှူဒါန်းသော Dental Section နှင့် Dental X-ray တို့ လာရောက်တပ်ဆင်
၂၈.၇.၂၀၀၉ ဓာတ်မှန်စက် ၀ယ်ယူရန်အတွက် ဦးကြင်စိန်၊ ဦးသန့်စင်၊ ဒေါ်ခင်ဝင်းမော်၊ မိသားစုတို့မှ မတည် အလှူငွေသိန်း ၁၀၀ လာရောက်လှူဒါန်း
၇.၈.၂၀၀၉ မြောက်ဒဂုံ မယကမှ”သုခ” ဆေးခန်း ပိတ်ရန် အမိန့်စာပို့
၉.၈.၂၀၀၉ မြောက်ဒဂုံ မယကမှ ပေးပိုသော စာကိစ္စနှင့်ပတ်သက်၍ သုခ ဆေးခန်းမှ ဆရာဝန်များအား အသိပေး၍ ဆွေးနွေးတိုင်ပင်၊ ဒုက္ခရောက်နေသူများအား ငဲ့ညှာ၍ အားလုံးမှ ဆက်လက်ဖွင့်လှစ် ကုသရန် ဆုံးဖြတ်
၉.၈.၂၀၀၉ အလှူရှင်များအား မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပြီးချက်ချင်း ထုတ်၍ လက်ဆောင် ပေးရန်စနစ်အား စတင်ကျင့်သုံး
၁၃.၈.၂၀၀၉ ရုပ်ရှင်သရုပ်ဆောင် အဆိုတော်ဇော်ဝမ်း၏ ဈာပန အခမ်းအနား အားပြုလုပ်ပေးခဲ့
၁၅.၈.၂၀၀၉ ဓာတ်မှန်စက် ၀ယ်ယူရန်အတွက် ဦးခင်အောင်-ဒေါ်ကြည်ကြည်သက်၊ သမီး မသီတာအောင်တို့မှ မတည် အလှူငွေသိန်း ၁၀၀ လာရောက်လှူဒါန်း
၃၀.၈.၂၀၀၉ သုခဆေးခန်းတွင် အသေးစားခွဲစိတ်ခန်း စတင်အသုံးပြု Dr. ဇော်ဝင်းနိုင်မှ လူနာ တစ်ဦးအား ခြေထောက်အနာ ခွဲစိတ်ပေး
၁.၉.၂၀၀၉ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ဦးဝင်းတင် အလှူငွေ (၇)သိန်းအား လာရောက် လှူဒါန်း
၈.၉.၂၀၀၉ နာတာရှည် ရောဂါသည်များကို ရေရှည်ဆေးပေးရန် စတင်
၉.၉.၂၀၀၉ စည်ပင်မှ အသင်းမျက်နှာစာတွင် ၅ x ၅ ပေ ပတ်လည်ရေမြောင်းတူးရန်ပြော
၁၈.၉.၂၀၀၉ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အသင်းသား ဦးချစ်တင်သေဆုံး
၁၉.၉.၂၀၀၉ မယ်ဗမာ ဒေါ်မြင့်မြင့် သေဆုံး
၂၆.၉.၂၀၀၉ နာရေးကူညီမှုအသင်း၏ ရှေ့လုပ်ငန်းစဉ်များ တိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်
၂၇.၉.၂၀၀၉ အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ပြုလုပ် နာရေးကူညီမှုအသင်းမှ အသင်းဝင်များ၊ အလုပ်အမှုဆောင်များ၊ အသိပညာရှင်များ၊ ဖိတ်ကြားထားသော အကြံပြု ဆွေးနွေး ညှိနှိုင်းနိုင်သည့် ဧည့်သည်တော်များ အပါအ၀င် အဖွဲ့(၅)ဖွဲ့ခွဲ၍ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်
၂၈.၉.၂၀၀၉ ၂၀၀၉ ခုနှစ်အတွက် နာရေးလမ်းကြောင်း အရေအတွက် တစ်သောင်းပြည့်
၂၉.၉.၂၀၀၉ စံပြဆေးရုံတွင် ဓါတ်မှန်ဆရာဝန်ကြီး Dr.တိုးဝင်းထံ ဒေါ်မြင့်မြင့်ခင်ဖေ နှင့် ဦးစိုင်းရဲကျော်စွာမြင့် တို့မှ ဓါတ်မှန်ခန်းဖွင့်ရန် အကြံပေးချက်များ သွားတောင်း
၃၀.၉.၂၀၀၉ စည်ပင်အင်ဂျင်နီယာမှ BQ မရှိပဲ အလုပ်လုပ်နေလျှင် တရားစွဲမည်ဟုပြော
၁၆.၁၀.၂၀၀၉ သုခကုသိုလ်ဖြစ်ဆေးခန်းအတွက် ဓါတ်မှန်ရိုက်စက်အားဝယ်ယူ
၁၆.၁၀.၂၀၀၉ စာရေးဆရာ ဒါရိုက်တာ တင်သန်းဦးမှ ဥက္ကဋ္ဌဦးကျော်သူထံ တယ်လီဖုန်းဆက်၍ မြို့တော်ဝန် ဦးအောင်သိန်းလင်းထံ နာရေးကူညီမှုအသင်း(ရန်ကုန်) အား တရားစွဲဆိုခြင်း မပြုလုပ်ရန် ပြောဆိုထားသည်ဟု အကြောင်းကြား
၁၅.၁၀.၂၀၀၉ ဆရာတော်ကြီးများ၏ အန္တိမဈာပနတွင် ရုပ်ကလပ်အား ပူဇော်ထားရန်အတွက် ရွှေရောင်စတီး ကရ၀ိတ်ဖောင်တော်စတင် ငှားရမ်း
၂၇.၁၀.၂၀၀၉ ရန်ကုန်မြို့တော်စည်ပင်မှ အသင်း ဥက္ကဋ္ဌကို တရားစွဲမည့် ဆင့်ခေါ်စာရ
၂၈.၁၀.၂၀၀၉ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မန်နေဂျာ ဦးအောင်မော်ငြိမ်း နှင့် တစ်ဦး တောင်ဒဂုံတရားရုံးသို့ သွားရောက်တွေ့ဆုံရာ ဥက္ကဋ္ဌ ဦးကျော်သူ လိုက်ပါလာခြင်း မရှိသဖြင့် အမှုဖွင့် ၍ မရခဲ့
၎.၁၁.၂၀၀၉ သုခအလင်း စာကြည့်တိုက်ဖွင့်လှစ်ရန် အတွက် စာအုပ်များ စာရင်းသွင်းခြင်း၊ စာအုပ်အဖုံးများချုပ်ခြင်း စသော လုပ်ငန်းများအား စတင်၍ပြုလုပ်
၂၆.၁၁.၂၀၀၉ ဦးမျိုးဇေယျာဦး နှင့် ဦး Danny အောင်မျိုးကျော် တို့မှ ဥက္ကဋ္ဌ ဦးကျော်သူ၏ Facebook အား ပြုလုပ်၍ အသင်း၏ လုပ်ဆောင်ချက် သတင်းအချက် အလက်များအား အင်တာနက် စာမျက်နှာပေါ်တွင် စတင်ထုတ်ပြန်
၃၀.၁၁.၂၀၀၉ ဖြူးဆရာတော်ဈာပန
၆.၁၂.၂၀၀၉ ဒေါ်မြင့်မြင့်ခင်ဖေ၊ ဦးစိုင်းရဲကျော်စွာမြင့် နှင့် ဦးဗညား တို့မှ အသင်းတွင် ကလေးများအား အင်္ဂလိပ်စာသင်ကြားရေး ကဏ္ဍတစ်ခု တိုးချဲ့ဖွင့်လှစ်ရန် စတင်ဆွေးနွေး
၁၅.၁၂.၂၀၀၉ သုခဆေးခန်းတွင် သွားဓါတ်မှန်ရိုက် ကရိယာတပ်ဆင်
၁၇.၁၂.၂၀၀၉ ဆရာအီကြာကွေးဈာပန
၂၇.၁၂.၂၀၀၉ ဓာတ်မှန်ခန်း ဆောက်လုပ်ရန်အတွက် ဦးဋ္ဌေးအောင်+ ဒေါ်ချိုချိုမြင့်၊ မိသားစုမှ ကွယ်လွန်သူ သမီး ခိုင်ရွှန်းလဲ့ရည်အား ရည်စူး၍ သိန်း ၁၅၀ ကျပ်မတည်လှူဒါန်း