၁၅.၁.၂၀၁၀ |
“သုခအဟာရ” စားသောက်ဆိုင် အနီးတွင် ပလပ်စတစ် မြေပြင်အား သဘာဝ မြေသြဇာဖြင့် ပြုပြင်၍ သဘာဝသီးနှံ စိုက်ခင်းပြုလုပ် |
၁၆.၁.၂၀၁၀ |
ရွှေနှင်းဆီဝိဇ္ဇာသိပ္ပံဆရာတော် ဈာပန |
၁၇.၁.၂၀၁၀ |
နာရေးကူညီမှုအသင်း(ရန်ကုန်) နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြုလုပ် |
၂၉.၁.၂၀၁၀ |
ဒေါ်မြင့်မြင့်ခင်ဖေ နှင့် ဒေါ်သန်းမြင့်အောင်တို့မှ ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံနှင့်၊ ကလေးဆေးရုံများအား သွားရောက်၍ ဆေးကူညီမှုများ ပေးမည်ဟု ပြောခဲ့ |
၃၁.၁.၂၀၁၀ |
စတီဒီယိုအဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြဖိုလ်မှ အသင်းအား ငွေလာရောက်လှူဒါန်း |
၇.၂.၂၀၁၀ |
နာရေးကူညီမှု အသင်းရှိ လူငယ်များနှင့် အသင်းသို့ ထပ်မံလုပ်အားပေးလိုသည့် လူငယ်များ နာရေးကူညီမှု အသင်း၏ လုပ်ငန်းများအကြောင်း သေချာစွာ သိရှိ နားလည်စေရန်နှင့် ပရဟိတ စိတ်ဓာတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ “နာရေးကူညီမှုအသင်း (ရန်ကုန်) ပရဟိတ လုပ်ငန်းဆိုင်ရာ သင်တန်း” အမှတ်စဉ် ၁/၂၀၁၀ စတင်ဖွင့်လှစ် (၂၀၁၀ ခုနှစ်တွင် သင်တန်း (၆) ကြိမ် ဖွင့်လှစ်ခဲ့) (အချို့သင်တန်း အပါတ်စဉ်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝမြေသြဇာ၊ သဘာဝသီးနှံဖြင့် လူသုံးကုန် ပစ္စည်းများထုတ်လုပ်ခြင်း၊ လူငယ် ယဉ်ကျေးလိမ္မာ သင်တန်း ဆရာဖြစ်သင်တန်းများ ပူးတွဲသင်ကြား) |
၁၃.၂.၂၀၁၀ |
“သုခအလင်း” စာကြည့်ခန်း ဖွင့်လှစ် |
၂၁.၂.၂၀၁၀ |
ဓာတ်မှန်ဆောင် ပန္နက်တင် Pile ရိုက်ခြင်းပြုလုပ် |
၂၄.၂.၂၀၁၀ |
နာရေးကူညီမှုအသင်းပိုင် ရုံးအဆောက်အဦး (သုံးထပ်အဆောက်အဦး) ပန္နက်တင် Pile ရိုက်ခြင်းပြုလုပ် |
၁.၃.၂၀၁၀ |
ဆေးကူညီမှု လုပ်ငန်းကို မူလအစိုးရ ဆေးရုံကြီး(၆)ရုံ အပြင် ဆေးရန်ကုန် ကလေး ဆေးရုံကြီးနှင့် နား ၊ နှာခေါင်း လည်ချောင်းဆေးရုံများကိုပါ ထပ်မံတိုးချဲ့ကူညီမှုပေးခဲ့ |
၂.၃.၂၀၁၀ |
အလှူရှင် ဦးဟုန်တမ် + ဒေါ်ခင်မြင့်ရီတို့မှ စ/၃၃၀၀ Bus ကားတစ်စီး လာရောက် လှူဒါန်း |
၁၄.၃.၂၀၁၀ |
ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသော သန်းသန်းစိုး နှင့် ဂွမ်းပုံကြီးတို့နှင့် ဥက္ကဋ္ဌ ဦးကျော် သူတို့မှ အသင်း၌ ပရဟိတ လူမှုရေး သရုပ်ဆောင် သင်တန်း ကျင်းပပြုလုပ် |
၁၇.၃.၂၀၁၀ |
ကလေးများအား နွေရာသီ အင်္ဂလိပ်စာ သင်တန်းအတွက် အကြိုအရည်အချင်းစစ် စာမေးပွဲ ကျင်းပပြုလုပ် |
၂၀.၃.၂၀၁၀ |
နွေရာသီ အင်္ဂလိပ်စာသင်တန်း စတင်ဖွင့်လှစ် ကလေးငယ်ပေါင်း (၈၀) ကျော်တက်ရောက် |
၂၉.၃.၂၀၁၀ |
မကွေးဆရာတော်ဘုရားကြီး ပျံလွန်တော်မူ၊ ရခိုင်စစ်ဒေသမှ ဦးခင်မောင်ထွန်း၏ အကူညီတောင်း၍ မှန်ခေါင်း တစ်ခု လှူနိုင်ရန်စီစဉ် |
၂၅.၄.၂၀၁၀ |
အမေရိကန်နိုင်ငံရောက် မြန်မာလူမျိုးများမှ ပေးအပ်သော ပထမအကြိမ်မြောက် “ပြည်သူ့ဂုဏ်ရည်ဆု” ကို ဦးကျော်သူမှရရှိ |
၃၀.၃.၂၀၁၀ |
မကွေးဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်ကို ကမ္ဘာအေးမှ ရန်ကုန်လေဆိပ်သို့ ပို့ပေးရ |
၆.၄.၂၀၁၀ |
မဟာစည်ဆရာတော် ဘုရားကြီး၏ ဈာပန |
၁၄.၅.၂၀၁၀ |
ရေရှားပါးမှုဒုက္ခ ကယ်ဆယ်ရေး အတွက် ရေပေးဝေရေး လုပ်ငန်းကို ပဲခူးတိုင်း၊ က၀မြို့နယ်၊ သက္ကလကျေးရွာနှင့် ပျော်ဘွယ် ကျေးရွာများ၌ ရေပေးဝေမှုစတင်၊ ဒလနှင့် သန်လျင်၊ သုံးခွ၊ ခရမ်း၊ ပြည်မြို့နယ်များ၌လည်း ရေပေးဝေမှုများ ဆက်လက် လုပ်ဆောင်ခဲ့ |
၁၆.၄.၂၀၁၀ |
သုခဆေးခန်း အဆောက်အဦး တစ်ခုလုံးအား အသင်းသူ၊ အသင်းသားများ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ကြ |
၁၇.၄.၂၀၁၀ |
ဦးယုလွင် (မြစ်ကြီးနား) ဈာပန |
၂၁.၅.၂၀၁၀ |
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ကိုလူချောတို့အဖွဲ့နှင့် ပဲခူးတိုင်း ခရမ်းသုံးခွ နယ်များတွင် ရေးပေးဝေခြင်း လုပ်ငန်းများ ပြုလုပ် |
၂၂.၅.၂၀၁၀ |
ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် ကျေးရွာများ၌ အ၀ီစိရေတွင်း (၁၁) တွင်းတူးဖော်ခြင်းနှင့် အုတ်ကန်များ တည်ဆောက်ခြင်း လုပ်ငန်းများစတင် |
၂၂.၅.၂၀၁၀ |
စာပေလောက၌ ကဗျာဆရာများ စုပေါင်း၍ ပန်းချီဆွဲကာ ရေအလှူအတွက် ရံပုံငွေရှာပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လှူဒါန်း |
၂၃.၅.၂၀၁၀ |
ပဲခူးတိုင်း၊ က၀မြို့နယ်ရှိ ကျေးရွာများ၌ အ၀ီစိရေတွင်း (၁၁) တွင်းတူးဖော်ခြင်း၊ အုတ်ကန်များ တည်ဆောက်ခြင်း၊ ကွန်ပရက်ဆာမျာ လှူဒါန်းခြင်း လုပ်ငန်းများစတင် လုပ်ဆောင် |
၁၉.၅.၂၀၁၀ |
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းအမှတ်စဉ်(၁)ဖွင့်လှစ် |
၂၆.၅.၂၀၁၀ |
ကလေးပန်းချီသင်တန်းဖွင့်လှစ် |
၁၃.၆.၂၀၁၀ |
ပဲခူးတိုင်း၊ ပြည်ခရိုင်တွင်းရှိ ကျေးရွာများတွင် အ၀ီစိရေတွင်း(၁၂) တွင်း တူးဖော်ခြင်း၊ အုတ်ကန်များ တည်ဆောက်ခြင်း၊ ကွန်ပရက်ဆာများ လှူဒါန်းခြင်း လုပ်ငန်းများ စတင် လုပ်ဆောင် |
၁၉.၆.၂၀၁၀ |
ဓာတ်မှန်ခန်းဖွင့်လှစ် |
၂၈.၆.၂၀၁၀ |
Moon Soon Land Scaping Group မှအသင်းတွင်း ဥယျာဉ်အလှ စိုက်ပျိုးခြင်း လုပ်ငန်းများ စတင် |
၃.၇.၂၀၁၀ |
“သုခ” ဆေးခန်းလိုင်စင် အတွက် တိုင်းကျန်းမာရေး ဋ္ဌာနမှ လာရောက်စစ်ဆေး |
၁၅.၇.၂၀၁၀ |
ဆရာနန်းညွန့်ဆွေ ဈာပန |
၁၇.၇.၂၀၁၀ |
လူနာနားနေဆောင်ဖွင့်ပွဲ ကျင်းပ |
၁၉.၇.၂၀၁၀ |
ပြည်ခရိုင်တွင် တူးဖော်ပေးခဲ့သော ရေတွင်းများ ရေစက်ချ ဖွင့်ပွဲသို့ သွားရောက် |
၎.၈.၂၀၁၀ |
ပဲခူးတိုင်း၊ က၀မြို့နယ်ရှိ ရွာများတွင် တူးဖော်ပေးခဲ့သော ရေတွင်းများ ရေစက်ချ ဖွင့်ပွဲသို့ သွားရောက် |
၁၁.၈.၂၀၁၀ |
တက္ကသိုလ်ဝင်တန်းနှင့် အထက် အင်္ဂလိပ်စာ 4 Skills သင်တန်း အပတ်စဉ် (၁) စတင်ဖွင့်လှစ် |
၈.၈.၂၀၁၀ |
ကလေးပန်းချီသင်တန်းမှ သင်တန်းဆင်း ကလေးများ၏ ပန်းချီကားများကို “အဖြူထည်တို့၏ပွဲ” ဟု အမည်ပေး၍ ပန်းချီးပြပွဲနှင့် သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ |
၁၆.၈.၂၀၁၀ |
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ၀တ်အဖွဲ့အား စတင်ဖွဲ့စည်း |
၂၉.၈.၂၀၁၀ |
“သုခအာဟာရ” စားသောက်ဆိုင် ဖွင့်လှစ် |
၃၁.၈.၂၀၁၀ |
ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက် တို့၏ (၂၉) နှစ်မြောက် နှစ်ပတ်လည် မင်္ဂလာအခမ်းအနားကို “သုခအာဟာရ” စားသောက်ဆိုင်တွင်ကျင်းပ |
၉.၉.၂၀၁၀ |
“ပင်အိုရွက်နု” ဟုအမည်ရှိ လူကြီးပန်းချီသင်တန်း စတင်ဖွင့်လှစ် |
၁၂.၉.၂၀၁၀ |
၂၀၁၀ ပြည့်နှစ်၏ နာရေးလမ်းကြောင်း တစ်သောင်းပြည့်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၀တ်အဖွဲ့ စတင်၍ ၀တ်ရွတ်ဆို ဒါနပြု |
၁၉.၉.၂၀၁၀ |
“သခင်အုန်းမြင့်” ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ပေးခဲ့ |
၂၂.၁၁.၂၀၁၀ |
ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင် တို့နှင့် တေးသံရှင် ဟန်ထူးလွင်နှင့် ဇနီး အနဂ္ဂ၊ သံသာဝင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ စုပေါင်း၍ တောင်ဒဂုံမြို့နယ်ရှိ မဖြူဖြူသင်း ထူထောင် ဖွင့်လှစ်ထားရှိသော HIV ဝေဒနာရှင်များအား ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အထည်များ၊ ငွေသားများ သွားရောက်လှူဒါန်းခဲ့ |
၂၅.၁၁.၂၀၁၀ |
နာရေးကူညီမှုအသင်းတွင် ရုံးကားအဖြစ် အသုံးပြုရန် အတွက် ဦးဝင်းမြင့်သိန်းမှ ၈ဆ/၁၀၂၂ (Light Truck) မော်တော်ယာဉ် တစ်စီး လာရောက်လှူဒါန်း |
၂.၁၁.၂၀၁၀ |
မင်းလှမြို့၊ နာရေးကူညီမှု အသင်းသို့ ရုပ်ကလာပ်သယ်ရန် စတီးဗန်းနှင့် အခေါင်းဖုံး လှူဒါန်း |
၉.၁၂.၂၀၁၀ |
ကျီစုသုသာန်သို့ မှန်ခေါင်း လှူဒါန်း |
၁၀.၁၂.၂၀၁၀ |
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများတွင် အ၀ီစိ ရေတွင်း(၆)တွင်း တူးဖော်ခြင်း၊ အုတ်ကန်များ တည်ဆောက်ခြင်း၊ ကွန်ပရက်ဆာများ လှူဒါန်းခြင်း လုပ်ငန်းများစတင် လုပ်ဆောင် |
၁၂.၁၂.၂၀၁၀ |
မင်းလှမြို့၊နာရေးကူညီမှု အသင်းသို့ ဈာပန သယ်ယူပို့ဆောင် ရာတွင် ထော်လာဂျီနှင့် တွဲသုံးရန် နောက်တွဲယာဉ် လှူဒါန်း |