၂၀၁၆ခုနှစ် မေ(၃)ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကုသိုလ်ဖြစ်ဆေးခန်း ကျောက်ကပ်သန့်စင်ဆေးရုံ အလှူရှင်များဖြစ်သော ကွယ်လွန်သူ ဒေါ်နိုင်အင်း(ခ)ဒေါ်လှလှရီ မိသားစုတို့မှကျောက်ကပ်ကုသဆောင်အတွက် ပထမအကြိမ်အဖြစ်အလှူငွေ - ၂၀,၀၀၀,၀၀၀ိ/- (သိန်းနှစ်ရာကျပ်)၊
ဒုတိယအကြိမ်အလှူငွေ - ၂၀,၀၀၀,၀၀၀ိ/- (သိန်းနှစ်ရာကျပ်)လှူဒါန်းခဲ့ပြီး ယခုတတိယအကြိမ်အလှူငွေ - ၄၀,၀၀၀,၀၀၀ိ/- (သိန်းလေးရာကျပ်)အားလာရောက်လှူဒါန်းပြီး ကျောက်ကပ်ကုသဆောင်ပြီးစီးမှုအခြေအနေများအား လေ့လာကြည့်ရှုရာ နာရေးကူညီမှုအသင်း(ရန်ကုန်)အမှုဆောင်အဖွဲ့မှ လိုက်လံရှင်းလင်းပြသပေးခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆေးကုသစရိတ်မတတ်နိုင်သော ကျောက်ကပ်ဝေဒနာရှင်များ ကျောက်ကပ်သန့်စင်နိုင်ရန်အတွက်ရည်ရွယ်၍ တည်ဆောက်ပေးခြင်းဖြစ်သည်။