မွန်ပြည်နယ် ၊ရေးမြို့တွင် “လျှတ်တပြတ်” အရေးပေါ်ကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲကျင်းပ





နာရေးကူညီမှုအသင်း(ရန်ကုန်) K Ambulance အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ကျော်သူပရဟိတကွန်ရက် အဖွဲ့တို့
ပူးပေါင်း၍ မွန်ပြည်နယ် ၊ ရေးမြို့တွင်” လျှက်တပြတ် “အရေးပေါ်ကယ်ဆယ်ရေးအခြေခံသင်တန်းကိုယနေ့ နံနက်တွင် ဖွင့်လှစ်သင်ကြားပေးရာအဆိုပါသင်တန်း၏သင်တန်းဖွင့်ပွဲ အခမ်းအနားအား ရေးမြိုရှိ ထန်းခြောက်ပင်ကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့ပာသည်။
အခမ်းအနားတွင် ထန်းခြောက်ပင်ကျောင်းတိုက်မှကျောင်းထိုင်ဆရာတော်နှင့် သင်တန်းဖြစ်မြောက်ရေးအဖွဲ့ဝင်များ ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သူများ၊တက်ရောက်ခဲ့ကြပါသည်။
အထက်ပါအရေးပေါ်ကယ်ဆယ်ရေးသင်တန်းအား(၁၇.၁၀.၂၀၁၉)မှ (၂၁.၁၀.၂၀၁၉)ထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး
သင်တန်းသား/သူ (၈၀)ဦး တက်ရောက်ခဲ့ပါသည်။