ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ညွှန်းရေးဆရာ မောင်လွင်(မြင်းမူ)၏ ဈာပနအခမ်းအနား










ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်သည် (၁.၅.၂၀၁၈)ရက်နေ့ (ဝ၀း၁၀)နာရီအချိန်တွင် စံပြဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ရာ
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်အကူညီတောင်းခံ လာပါသဖြင့် အသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်၍ ကျန်ရှိသောရုပ်အလောင်းအား ရေဝေးသုဿာန်အအေးခန်းသို့ (အခမဲ့) ပို့ဆောင်ပေးခဲ့ကြသည်။ ကွယ်လွန်သူ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်၏ ဈာပန အခမ်းအနားအား ယနေ့ နေ့လည်း(၁၁းဝ၀)နာရီအချိန်တွင် ရေဝေးသုဿာန်၊ ခန်းမ(၁/ခ)တွင် ကျင်းပခဲ့ရာ အဆိုပါဈာပန အခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် အနုပညာရှင်ညီအစ်ကိုမောင်နှမများတက်ရောက်ခဲ့ကြပြီး၊ နာ/ကူ(ရန်ကုန်)အသင်းသူ/သားများမှ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်၏ နောက်ဆုံးခရီး လိုက်ပါပို့ဆောင် ကူညီဖေးမခဲ့ကြသည်။
၂၀၁၈၊ မေလ၊ (၃)ရက်
သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန(FFSS)