သုခကုသိုလ်ဖြစ်ဆေးခန်း၏ (၅၅)ကြိမ်မြောက် နယ်လှည့်ဆေးဝါးကုသပေးမှု











ရန်ကုန် ဇွန်(၁၉)ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (၅၅)ကြိမ်မြောက် နယ်လှည့်ဆေးဝါးကုသပေးမှုကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၊ မလက်တိုအုပ်စု ၊ လပွတ္တနောင်ကြီးကျေးရွာ ရှိ ဓမ္မရံသီသာသနာ့ဗိမာန်တွင် သုခကုသိုလ်ဖြစ်ဆေးခန်းမှ စေတနာ့လုပ်အားပေး ကျွမ်းကျင်ဆရာဝန်ကြီးများ နှင့် လုပ်အားပေး အသင်းသူ/သားများ ၊ဝန်ထမ်းများ သွားရောက်ခဲ့ကြသည်။
ဆေးကုသမှုခံယူရန်အတွက် လာရောက်ကြသူများထဲတွင် (၇)မိုင်ခန့် လမ်းလျှောက်၍ လာရောက်ဆေးကုသူများလည်းရှိခဲ့ပြီး လမ်းမလျှောက်နိုင်၍ အိပ်ယာထဲလှဲနေသော လူနာများကိုလည်း မေတ္တာပုံရိပ်ရှင် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် သယ်ဆောင်လာ၍ ကုသမှု ခံယူကြသူများလည်း ရှိခဲ့သည်။ ဆရာဝန်ကြီးများအနေဖြင့် အထွေထွေရောဂါ၊ သွားရောဂါ၊ ဆီးချိုသွေးချိုရောဂါ နှင့် ECG စက်များဖြင့် ရောဂါရှာဖွေပေးခြင်းများကိုပါ ပြုလုပ်ပေးခဲ့ပြီးဆေးကုသမှုခံယူခဲ့ကြသည့် လူနာ (၅၈၂)ဦး တို့အား (၁)လစာ သောက်ဆေးများပေး၍ ဆေးကုသပေးလျှက်ရှိခဲ့သည်။
သို့ဖြစ်ပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း နယ်လှည့်ဆေးဝါးကုသပေးမှုအစီအစဉ်သည် နယ်ဒေသများရှိ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို ကောငး်မွန်စေရုံသာမကပဲ လူမှုရေး၊ စီးပွားရေးများကိုပါ တစ်ဖက်တစ်လမ်းမှ ကူညီပေးရာရောက်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် အားသွန်ခွန်စိုက် ကြိုးစားကူညီပေးခဲ့သည်မှာ ယနေ့ဆိုလျှင် (၅၅)ကြိမ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပါတော့သည်။
ဖြိုးဖြိုး(FFSS)