သရုပ်ဆောင် မင်းစိန် ကွယ်လွန်ခြင်းအတွက် ဖေးမကူ





ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးမင်းစိန်သည် ဇန်နဝါရီလ (၅)ရက်နေ့ မနက်(၂:၃၀) အချိန်ရန်ကုန်ဆေးရုံ ကြီး၌ရုတ်တရက်ကွယ်လွန်သွားပါသည်။
ကွယ်လွန်သူ ဦးမင်းစိန် အသက် (၅၆)နှစ်၏ ကြွင်းကျန်ရစ်ရုပ်ကလာပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင်၍ ရန်ကုန်ဆေးရုံကြီးမှ ရေဝေးသုဿန်သို့ ပို့ဆောင်ကူညီဖေးမခဲ့ပါသည်။
ကွယ်လွန်သူ ဦးမင်းစိန်အား (7.1.2018)ရက်နေ့ မွန်းလွဲ(၁၂းဝ၀)အချိန် ရေဝေးသုဿန်တွင် မီးသဂြိုလ်မည်ဖြစ်ပါသည်။
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးမင်းစိန် ကွယ်လွန်သွားသည့်အတွက် မိသားစုများနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်။
ဓါတ်ပုံ – အောင်စိုးပိုင် ၊ အုပ်စိုးညီညီ