စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ







စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး
ဟောပြောပွဲ၊ ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲတွင် ပူးပေါင်း ကူညီဆောင်ရွက်
၂၃.၉.၂၀၁၉ ရက်နေ့၊ (ဝ၉း၃၀)အချိန်တွင်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ်ကွက်ရှိ အထက(၄)တွင်မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ
စခန်းမှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များသည်စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး
ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ ငလျင်ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲတွင်
ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခြင်း၊လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများအား
ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)သီးသန့်မီးသတ်တပ်ဖွဲ့မှ
ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးခဲ့ပါသည်။မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါအရေးပေါ် ဆက်သွယ်ရန်အတွက်
နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့
ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး
ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။
ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS