ကိုယ်ပိုင်စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲအခမ်းအနား







ရန်ကုန် ဇွန်(၂)နာရေးကူညီမှုအသင်း(ရန်ကုန်)သုခအလင်းပညာဒါနကျောင်းနှင့် Ateliea Management and Business Consulting Centre တို့ပူးပေါင်းဖွင့်လှစ်သော ကိုယ်ပိုင်စီးပွားရေးစီမံခန့်ခွဲမှုသင်တန်း(၂ /၂၀၁၆) သင်တန်းဆင်းပွဲနှင့် (၃/ ၂၀၁၆) သင်တန်းသစ်ဖွင့်ပွဲအခမ်းအနားအား ယနေ့ ၂၀၁၆ ဇွန် ၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင်နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင် မှအဖွင့်စကားပြောကြားပြီး သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသူ/သင်တန်းသားများ မှလည်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ဆက်လက်၍ သင်တန်းသူ/သင်တန်းသားများနှင်ဆရာ/ဆရာမများမှ စုပေါင်းမြတ်ဒါနအဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သုခအလင်းပညာဒါနကျောင်း – ဖုန်း ဝ၉၄၂၁၀၁၉၁၅၀ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။
ခိုင်ဖြိုး(FFSS)