ကွယ်လွန်သူ ကျောင်းဒါယကာ ရုပ်ရှင်ဒါရိုက်တာ ဓါတ်ပုံဆရာ မျိုးမြင့်ဆွေ(မကွေး) အသက်(၅၃)၏ ဈာပနအခမ်းအနားအား (၁၉.၆.၂၀၁၈)အင်္ဂါနေ့ ရေဝေးသုသာန်တွင်
ပြုလုပ်ခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား ရုပ်ရှင်သရုပ်ဆောင် ဒေါင်း နှင့်အတူ အသင်းသူ/သားများက လိုက်ပါပို့ဆောင်၍ ဖေးမကူညီခဲ့ကြသည်။ ကွယ်လွန်သူ ကျောင်းဒါယကာ ရုပ်ရှင်ဒါရိုက်တာ ဓါတ်ပုံဆရာ မျိုးမြင့်ဆွေ(မကွေး)သည် (၁၅.၆.၂၀၁၈) သောကြာနေ့ ည(၁၁း၄၀)နာရီတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။
၂၀၁၈ ဇွန် (၂၀)
သတင်း/ဓါတ်ပုံ - ပြန်ကြားရေးဌာန