နာရေးကူညီမှုအသင်း(ရန်ကုန်) သုခအလင်းပညာဒါနကျောင်းမှ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်နိုင်မည့် ပန်းအလှပြင်သင်တန်းအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ
ယနေ့ ဇွန်(၂၄ရက်) နံနက်(၉း၀၀)နာရီမှ စတင်၍ ပထမနေ့အဖြစ် သင်တန်းသား/သူ(၁၈)ဦးအား ပန်းအလှထိုးပညာရှင် ဦးဇော်မြင့် မှ ပန်းခြင်းပြုလုပ်နည်း၊ အလှဆွဲပန်းပြုလုပ်နည်း၊ ပန်းအလှထိုးနည်း အစရှိသောပညာရပ်များကို သင်တန်းသားကို လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းပြီးဆုံးခဲ့သည်။ အဆိုပါ ပန်းအလှပြင်သင်တန်းသည် သင်တန်းကာလ(၂)ရက်ကြာမြင့်မည်ဖြစ်၍ နံနက်(၉း၀၀)နာရီမှ ညနေ(၅း၀၀)နာရီထိ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား(၁)ဦးလျှင် သင်ထောက်ကူပစ္စည်းကိရိယာ နှင့်ပန်းဖိုး (၂၀၀၀၀)ကုန်ကျမည်ဖြစ်ပါသည်။
၂၀၁၈ ဇွန်လ (၂၄)
သတင်း/ဓါတ်ပုံ - ပြန်ကြားရေးဌာန #FFSS