နေ့စဉ်နာရေးကူညီမှုပေါင်း(၂၀)ကျော်ရှိ




နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၁၆မေလ(၈)ရက်နေ့တွင်(၄) လသားကလေးငယ်၏နာရေးအပါအဝင်နာရေးပေါင်း(၂၈)လောင်းအားကူညီပေးခဲ့ကြောင်းသိရှိရ
ရန်ကုန် မေလ(၈) နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သက်ဆိုင်ရာနေအိမ် ဆေးရုံ ဆေးခန်း ၌ကွယ်လွန်သောတိုက်ရိုက်သဂြိုလ် သည့်(၄)လသားကလေးငယ်တစ်ဦး၏ နာရေးအပါအဝင်တိုက်ရိုက်နာရေးလမ်း ကြောင်း(၆)လောင်းနှင့်အအေးခန်းထား ရှိ၍သဂြိုလ်သောနာရေးလမ်း ကြောင်း(၂၂)လောင်း စုစုပေါင်း(၂၈)လောင်းအားကူညီပေးခဲ့ရကြောင်းရေးဝေးသုဿာန်ရှိနာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခွဲမှသတင်းရရှိပါသည်။ရေဝေး သုဿာန်၌ယနေ့တာဝန်ကျ အမှု့ ဆောင်များ နေ့တာဝန်ခံများနှင့် လုပ်အားပေးအသင်းသားများမှလည်း အချိန်နှင့်တစ်ပြေးညီစည်းစနစ်တကျ ကူညီလုပ်ကိုင်ပေးခဲ့ကြကြောင်းလည်း သိရှိရပါသည်။ နေ့စဉ်နာရေးပေါင်းနှစ်ဆယ်ကျော်နီးပါးကူညီပေးလျှက်ရှိပါသည်။
ကိုလင်း(F.F.S.S) (ရန်ကုန်)ရုံးခွဲမှသတင်းရရှိပါသည်။