ချစ်ခြင်းမေတ္တာအခြေပြု ခေါင်းဆောင်မှု (Love-Driven Leadership) သင်တန်း ဖွင့်လှစ်သင်ကြား



၂၀၁၉၊ စက်တင်ဘာ၊ (၅)ရက်
နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခအလင်းပညာဒါကျောင်းတွင်ချစ်ခြင်းမေတ္တာအခြေပြု ခေါင်းဆောင်မှု (Love-Driven Leadership) သင်တန်းအားယနေ့ နေ့လည်(၁း၃၀)နာရီတွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါသည်။
သင်တန်းတွင် သုခအလင်းပညာဒါနကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနေမျိုးအေးမှအဖွင့်စကားပြောကြားခဲ့ပါသည်။ ချစ်ခြင်းမေတ္တာအခြေပြု ခေါင်းဆောင်မှုသင်တန်းမှာသင်တန်းကာလ (၂)လဖြစ်ပြီ အပတ်စဉ် ကြာသပတေးနေ့ နှင့် သောကြာနေ့တိုင်း နေ့လည်
(၁း၃၀)နာရီ မှ ညနေ(၃း၀၀)နာရီ အထိ တက်ရမည်ဖြစ်သည်။
ယခုဖွင့်လှစ်သော သင်တန်းကို ဆရာ ဦးရဲဇော်လတ် MBA(UTCC),M.A(UFL) Leadership Speaker &Consultant မှ တာဝန်ယူ သင်ကြားမည်ဖြစ်ပါသည်။
သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS