K-Ambulance အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နှင့် သကျနွယ် လူမှုကူညီရေးအသင်း (ပဲခူး) တို့ ချိတ်ဆက်ကူညီဖေးမ



နာရေးကူညီမှုအသင်း(ရန်ကုန်)K-Ambulanceအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှပဲခူးတိုင်းဒေသကြီး သကျနွယ်
လူမှုကူညီရေးအသင်းတို့ ပူးပေါင်းချိတ်ဆက်ကာပဲခူးမြို့နေ အသက်(၆၄)နှစ်အရွယ်ကျောက်တည်ဝေဒနာခံစားနေရသူ
အမျိုးသားတစ်ဦးအား ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ချိတ်ဆက်ကာသယ်ဆောင်၍ လူနာအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကူညီခဲ့ကြသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulance အရေးပေါ်လူနာတင်ယာဉ်ဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ကျန်းမာရေးဝန်ဆောင်မှုများနှင့်အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ
(၂၄)နာရီအဆင်သင့် (အခမဲ့)ကူညီဆောင်ရွက်ပေးလျက်ရှိရာ
အကူအညီများတောင်းခံလိုပါက
ဖုန်း – 09 421119566, 09 31333273
သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။
သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန (F.F.S.S.)