သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ကြီး (တတိယနေ့) တွင် ကျန်းမာရေး စောင့်ရှောက် ကူညီပေး




ရန်ကုန်မြို့ ၊ ကျိုက်က္ကဆံကွင်း တွင်ကျင်းပပြုလုပ်သော ” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”
ပွဲတော်ကြီး (တတိယနေ့)တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) K-Ambulance အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့
နှင့် ဆရာဝန် ဒေါက်တာ သက်မှူး တို့မှ ပွဲတော်သို့ လာရောက်သော အများပြည်သူများအား နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ကျန်းမာရေး စောင့်ရှောက်မှု (အခမဲ့)ပေးကာ ဝိုင်းဝန်းကူညီပေးခဲ့ပါသည်။ ” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကို (25.1.2019 မှ 30.1.2019)ရက်နေ့အထိ နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။
ဓာတ်ပုံ – ရန်ကျော်မိုး၊ မင်းသီရိ