နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်း
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုယ်စားလှယ်အဖွဲ့သည် ၁၆.၆.၂၁၀၈ ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သောမွန်ပြည်နယ်၊ ရေးမြို့သို့ ရောက်ရှိကာ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အားကစားရုံတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများဖြစ်သည့် အိမ်ခြေ(၂၂၁)၊ လူဦးရေ ကျား-၄၆၁၊ မ-၄၅၈၊ စုစုပေါင်း-၉၁၉ဦးအတွက် ဆန်အိတ်(၂၄)ပြည်ဝင် (၃၀)အိတ်၊ ဆေးစိမ်ခြင်ထောင်(ကြီး) (၂၀၅)လုံး၊ ဓာတ်ဆားထုတ် (၅၀)ပါကင်၊ ဖိနပ်အရံ (၁၂၀)ရံ၊ ရေသန့်ကဒ် (၃၆)ကဒ်၊ စုစုပေါင်းတန်ဖိုး (၅၀ဝ၀ဝ၀ဝ) သိန်းငါးဆယ်ကျပ် တန်ဖိုးရှိ ပစ္စည်းများအား ရေဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းခဲ့ပါသည်။
၂၀၁၈ ဇွန်လ(၁၈)ထပ်မံလှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး
Account name -FREE FUNERAL SERVICE SOCIETY (YGN)
Bank Account No – 208 503 20800159401 (KBZ BANK-NORTH-DAGON-2) သို့လှူဒါန်းနိုင်ပြီး
အမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊သို့လည်းလာရောက်လှူဒါန်းနိုင်ပါသည်။