ရွမ္းျပည္နယ္(ေျမာက္ပိုင္း)စစ္ေဘးသင့္ တိုင္းရင္းသားျပည္သူမ်ားထံသို႔ လွဴဒါန္းေပးခဲ့

၂၀၁၉ ၾသဂုတ္(၂၉)

နာေရးကူညီမႈအသင္း(ရန္ကုန္)မွ "အမ်ားျပည္သူအတြက္

အမ်ားျပည္သူေကာင္းမႈ" အျဖစ္ရည္ရြယ္ကာ ယခုအခါတြင္

ျဖစ္ပြားလ်က္ရွိေသာ သဘာ၀ေဘးအႏၱရယ္အမ်ိဳးမ်ိဳး ၊

စစ္ေဘးဒဏ္ အမ်ိဳးမ်ိဳးတို႔အတြက္ ျပည္သူမ်ား၏

လိုအပ္ခ်က္မ်ားကို စာနာသနားကာ ကူညီေဖးမလွ်က္ရွိပါသည္။

ယေန႔တြင္ နာေရးကူညီမႈအသင္း(ရန္ကုန္) ႏွင့္

ေက်ာ္သူပရဟိတကြန္ယက္ (အထက္ျမန္မာျပည္)

သာသနာ့ပါလအသင္းတို႔ ပူးေပါင္းကာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)

စစ္ေဘးေရွာင္တိုင္းရင္းသားျပည္သူမ်ားရွိရာသို႔ အိမ္ေထာင္စု

(၃၀၀)စာ အစားအေသာက္ ႏွင့္ အ၀တ္အထည္မ်ား သြားေရာက္

လွဴဒါန္းခဲ့ၾကသည္။

ထိုကဲ့သို႔ လွဴဒါန္းရာတြင္ လားရိႈးျမိဳ႕ရွိ ေမတၱာစမ္းေရ

ယာဥ္လိုင္းေပါင္းစံု လူမႈကူညီေရးအသင္း ၊ကမ္းလင့္လက္မ်ား အသင္း

၊ေမတၱာတံခြန္ အသင္း ႏွင့္ ႏွလံုးလွလူမႈကူညီေရးအသင္း

တို႔က ပူးေပါင္းကာ လိုအပ္ေသာ အကူအညီမ်ားေပးခဲ့ၾကျပီး

လားရိႈးျမိဳ႕ ေမတၱာစမ္းေရ ယာဥ္လိုင္းေပါင္းစံု လူမႈကူညီေရးအသင္းတြင္

လွဴဒါန္းေသာ ပစၥည္းမ်ားအား အေျချပဳထားရွိ၍ တိုက္ပြဲမ်ားေၾကာင့္

စစ္ေဘးသင့္ေဒသမ်ားရွိ တိုင္းရင္းသားမ်ားထံသို႔ လိုအပ္သလို

ေပးပို႔လွဴဒါန္းသြားမည္ျဖစ္သည္။

သတင္း /ဓါတ္ပံု - ျပန္ၾကားေရးဌာန

Unicode

ရှမ်းပြည်နယ်(မြောက်ပိုင်း)စစ်ဘေးသင့်

တိုင်းရင်းသားပြည်သူများထံသို့ လှူဒါန်းပေးခဲ့
===============================
၂၀၁၉ သြဂုတ်(၂၉)

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ "အများပြည်သူအတွက်

အများပြည်သူကောင်းမှု" အဖြစ်ရည်ရွယ်ကာ ယခုအခါတွင်

ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရယ်အမျိုးမျိုး ၊

စစ်ဘေးဒဏ် အမျိုးမျိုးတို့အတွက် ပြည်သူများ၏ လိုအပ်ချက်များကို

စာနာသနားကာ ကူညီဖေးမလျှက်ရှိပါသည်။

ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့်

ကျော်သူပရဟိတကွန်ယက် (အထက်မြန်မာပြည်)

သာသနာ့ပါလအသင်းတို့ ပူးပေါင်းကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)

စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများရှိရာသို့ အိမ်ထောင်စု

(၃၀၀)စာ အစားအသောက် နှင့် အဝတ်အထည်များ သွားရောက်

လှူဒါန်းခဲ့ကြသည်။

ထိုကဲ့သို့ လှူဒါန်းရာတွင် လားရှိုးမြို့ရှိ မေတ္တာစမ်းရေ

ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်း ၊ကမ်းလင့်လက်များ

အသင်း ၊မေတ္တာတံခွန် အသင်း နှင့် နှလုံးလှလူမှုကူညီရေးအသင်း

တို့က ပူးပေါင်းကာ လိုအပ်သော အကူအညီများပေးခဲ့ကြပြီး လားရှိုးမြို့

မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်းတွင်

လှူဒါန်းသော ပစ္စည်းများအား အခြေပြုထားရှိ၍ တိုက်ပွဲများကြောင့်

စစ်ဘေးသင့်ဒေသများရှိ တိုင်းရင်းသားများထံသို့ လိုအပ်သလို

ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။

သတင်း /ဓါတ်ပုံ - ပြန်ကြားရေးဌာန