
၂၀၁၉ စက်တင်ဘာလ(၈)










အအေးခန်းထားခ ကူညီပေးခြင်း၊ မီးသင်္ဂြိုလ်ခကူညီပေးခြင်းတို့အပြင်၊







Unicode

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝန်ထမ်းကောင်းဖြစ်သူ ဦးစိန်မြင့် ၏

ဖခင်ဘုန်းကြီး ဘဝနတ်ထံပျံလွန်တော်မူသော ဦးစန္ဒောဘာသ(ခ)ဦးသိန်းမောင် ၏

အန္တိမဈာပန အခမ်းအနား
=====================================

၂၀၁၉ စက်တင်ဘာလ(၈)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အသောကာရုံရွှေကျင်စာသင်တိုက်(စော်ဘွားကြီးကုန်း)

တွင် သီတင်းသုံးတော်မူသော ဦးစန္ဒောဘာသ(ခ)ဦးသိန်းမောင်(မြန်မာ့လေကြောင်း-စက်မှု(ငြိမ်း) )

သက်တာ်(၉၁)နှစ်၊ သိက္ခာတော် (၂၉)ဝါ ၏ အန္တိမဈာပနအား ယနေ့ နေ့လည်(၃း၀၀)

အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ အသင်းသားများသည်
ရှေ့ပြေးယာဉ်၊ပုံတော်တင်ယာဉ်၊အထူးနိဗ္ဗာန်ယာဉ်တို့ဖြင့် ရေဝေးသုဿာန်သို့ (အခမဲ့)
ကုသိုလ်ယူ ပို့ဆောင်ကူညီမှုပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝန်ထမ်းကောင်းတစ်ဦးဖြစ်သူ ဈာပနဌာနတွင်

နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ တာဝန်ထမ်းဆောင်လျှက်ရှိသော ဦးစိန်မြင့် ၏

ဖခင်ဘုန်းကြီး ဘဝနတ်ထံပျံလွန်တော်မူသော ဦးစန္ဒောဘာသ(ခ)ဦးသိန်းမောင် ၏

အန္တိမဈာပနအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျေးဇူးဆပ်ကာ ကုသိုလ်ယူခဲ့ကြပါသည်။

နာရေးကူညီပေးမှုများအဖြစ် ကွယ်လွန်သူအား နိဗ္ဗာန်ယာဉ်ဖြင့်(အခမဲ့)သယ်ဆောင်ပေးခြင်း၊

အအေးခန်းထားခ ကူညီပေးခြင်း၊ မီးသြင်္ဂိုလ်ခကူညီပေးခြင်းတို့အပြင်၊ Cool Box များ(အခမဲ့)

ငှားရမ်းပေးခြင်း၊ရဟန်းသံဃာများ၏ အန္တိမဈာပနတွင် ကရဝိတ်ဖောင်၊ မှန်ခေါင်းများ (အခမဲ့)

ငှားပေးခြင်း၊ နယ်ဒေသရှိ နာရေးအသင်းများသို့လည်း မီးသဂြိုလ်စက်များ တည်ဆောက်ပေးခြင်း၊

နိဗ္ဗာန်ယာဉ်များလှူဒါန်းပေးခြင်း၊စတီးခေါင်း၊ စတီးဖုံးများ၊ မှန်ခေါင်းများ စသည့်

နာရေးနှင့်ပတ်သက်သော လှူဒါန်းပေးမှုများကိုလည်း လှူဒါန်းပေးလျှက်ရှိပါသည်။

နာရေးနှင့်ပတ်သက်၍ အကူညီတောင်းခံလိုပါက -
ဖုန်း - 01 709277 ၊ 01 704784 သို့ ဆက်သွယ်နိုင်ပါသည်။
အလှူငွေများ လှူဒါန်းလိုပါက အလှူခံဌာနဖုန်း - ၀၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး
Account name -FREE FUNERAL SERVICE SOCIETY (YGN)
Bank Account No - 208 503 20800159401
(KBZ BANK-NORTH-DAGON-2) သို့လှူဒါန်းနိုင်ပြီး
အမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် သို့လည်းလာရောက်လှူဒါန်းနိုင်ပါကြောင်း
သတင်းကောင်းပါးအပ်ပါသည်။

ဓာတ်ပုံ - ပြန်ကြားရေးဌာန #FFSS