၂၀၁၉ ဇန်န၀ါရီ (၂၈)ရက်
" သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" ပွဲတော်ကြီး(၄) ရက်မြောက်နေ့ တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို
ရည်ရွယ်၍ ဥက္ကဌ ဦးကျော်သူ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) "ကိုယ့်အမှိုက် ကိုယ်ရှင်း" အဖွဲ့ နှင့်အတူ အသင်းသား ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို၊ Model ဇူကီ၊ Model သဇင်ခိုင်၊ Model သော်သော်လမင်း တို့နှင့် ထွန်းကိုကို အားချစ်ကြသူများ အဖွဲ့တို့မှ အမှိုက် ကောက် ကုသိုလ်ယူခဲ့ကြပါသည်။
" သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" ပွဲတော်ကြီးကို (25.1.2019 မှ 30.1.2019)ရက်နေ့အထိ နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ "ကိုယ့်အမှိုက် ကိုယ်ရှင်း"အဖွဲ့ သည် နေ့လည် (၂း၀၀) နာရီမှ စတင်၍ နေ့စဉ်အမှိုက် ကောက်ကြမည် ဖြစ်ပါသည်။
ဓာတ်ပုံ - အုပ်စိုးညီညီ