K-Ambulance အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နှင့် သကျနွယ် လူမှုကူညီရေးအသင်း (ပဲခူး) တို့ ချိတ်ဆက်ကူညီဖေးမ

၂၀၁၉ အောက်တိုဘာ (၁၅)
နာရေးကူညီမှုအသင်း(ရန်ကုန်)K-Ambulance

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ

ပဲခူးတိုင်းဒေသကြီး သကျနွယ်

လူမှုကူညီရေးအသင်းတို့ ပူးပေါင်းချိတ်ဆက်ကာ

ပဲခူးမြို့နေ အသက်(၆၄)နှစ်အရွယ်

ကျောက်တည်ဝေဒနာခံစားနေရသူ

အမျိုးသားတစ်ဦးအား ရန်ကုန်-မန္တလေး

အမြန်လမ်းမကြီးပေါ်တွင် ချိတ်ဆက်ကာ

သယ်ဆောင်၍ လူနာအား ရန်ကုန်ဆေးရုံကြီးသို့

ပို့ဆောင်ကူညီခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulanc

e အရေးပေါ်လူနာတင်ယာဉ်ဌာန
အနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊

ကျန်းမာရေးဝန်ဆောင်မှုများနှင့်
အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ

(၂၄)နာရီအဆင်သင့် (အခမဲ့)
ကူညီဆောင်ရွက်ပေးလျက်ရှိရာ

အကူအညီများတောင်းခံလိုပါက
ဖုန်း - 09 421119566, 09 31333273
သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။

သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန (F.F.S.S.)