ရှမ်းပြည်နယ်(မြောက်ပိုင်း)စစ်ဘေးသင့် တိုင်းရင်းသားပြည်သူများထံသို့ လှူဒါန်းပေးခဲ့






နာရေးကူညီမှုအသင်း(ရန်ကုန်)မှ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ်ရည်ရွယ်ကာ ယခုအခါတွင်ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရယ်အမျိုးမျိုး ၊ စစ်ဘေးဒဏ် အမျိုးမျိုးတို့အတွက် ပြည်သူများ၏ လိုအပ်ချက်များကိုစာနာသနားကာ ကူညီဖေးမလျှက်ရှိပါသည်။ ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် ကျော်သူပရဟိတကွန်ယက် (အထက်မြန်မာပြည်)
သာသနာ့ပါလအသင်းတို့ ပူးပေါင်းကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများရှိရာသို့ အိမ်ထောင်စု (၃၀၀)စာ အစားအသောက် နှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့ကြသည်။
ထိုကဲ့သို့ လှူဒါန်းရာတွင် လားရှိုးမြို့ရှိ မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်း ၊ကမ်းလင့်လက်များအသင်း ၊မေတ္တာတံခွန် အသင်း နှင့် နှလုံးလှလူမှုကူညီရေးအသင်း တို့က ပူးပေါင်းကာ လိုအပ်သော အကူအညီများပေးခဲ့ကြပြီး လားရှိုးမြို့မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်းတွင် လှူဒါန်းသော ပစ္စည်းများအား အခြေပြုထားရှိ၍ တိုက်ပွဲများကြောင့်စစ်ဘေးသင့်ဒေသများရှိ တိုင်းရင်းသားများထံသို့ လိုအပ်သလို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။
သတင်း /ဓါတ်ပုံ – ပြန်ကြားရေးဌာန