ပရဟိတအနုပညာရှင် ထူးအောင် နှင့် မေမြင့်မိုရ် တို့၏ တစ်နေ့တာ ပေးဆပ်မှုကုသိုလ်





နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ၏ လမ်းညွှန်ပေးမှုတို့ဖြင့် အနုပညာရှင်များသွားရောက်ကူညီပေးလျှင် ကွယ်လွန်သွားသူတို့၏ ကျန်ရစ်သော မိသားစုများသည် သောကအပူမီးတို့ တစ်ဝက်လောက်ပျောက်သွားနိုင်သည်ကိုပြောပြခဲ့ဖူးပါသည်။ ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အနုပညာရှင် စေတနာ့လုပ်အားပေးအသင်းသား ထူးအောင် နှင့် မေမြင့်မိုရ် တို့က အနုပညာလုပ်ငန်းများ အားလပ်သော
အချိန်လေးကို တန်ဖိုးရှိစွာဖြင့် ကွယ်လွန်သူ အဘွားဒေါ်ရင်ပို အသက်(၈၇)နှစ်အား နေအိမ်မှ ရေဝေးသုဿန်အအေးခန်းသို့ နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ ကုသိုလ်ယူ၍ ဖေးမကူညီခဲ့ကြသည်။
သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန FFSS