၂၀၁၉ ၊ဇန်နဝါရီ (၅) ရက်နေ့တွင် ဒေသအသီးသီးမှ လာရောက်လှူဒါန်းကြသော အသင်းအဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အလှူငွေများလည်းရရှိပါစေ … လိုအပ်သောနေရာများသို့ ထိထိရောက်ရောက်ပြန်လည်လှူဒါန်းနိုင်ပါစေ…အလှူရှင်မိသားစုများသည် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေ … စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ…နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။ လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN)Bank Account No – 208 503 20800159401(KBZ BANK-NORTH-DAGON-2) သို့လှူဒါန်းနိုင်ပြီးအမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊သို့လည်းလာရောက်လှူဒါန်းနိုင်ပါသည်။
၂၀၁၉ ၊ဇန်နဝါရီ (၄) ရက်နေ့တွင် ဒေသအသီးသီးမှ လာရောက်လှူဒါန်းကြသော အသင်းအဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အလှူငွေများလည်းရရှိပါစေ … လိုအပ်သောနေရာများသို့ ထိထိရောက်ရောက်ပြန်လည်လှူဒါန်းနိုင်ပါစေ… အလှူရှင်မိသားစုများသည် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ … စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ… နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။
၂၀၁၈ ဇူလိုင် (၁၄) ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင် ရာသက်ပန်အသင်းသား၊ ပရဟိတ ငြိမ်းချမ်းရေးဂီတသူရဲကောင်း ဦးရဲလွင် (မဇ္ဈိမလှိုင်း) အသက်(၇၁)နှစ်၏ နောက်ဆုံးခရီးသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးဆောင်ဒါရိုက်တာအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးကျော်သူ ၊ ဒု-ဥက္ကဋ္ဌ ဆရာမဒေါ်သန်းမြင့်အောင် ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် နှင့် အသင်းသူ/သားများက လိုက်ပါပို့ဆောင်၍ ကူညီခဲ့ကြသည်။ ဦးရဲလွင်သည် (၁၉၄၇)ခုနှစ် ဒီဇင်ဘာလတွင် ပေါင်းတည်မြို့တွင် မွေးဖွားခဲ့ပြီး မောင်နှမဆယ်ယောက်ရှိကာ ငယ်စဉ်ကတည်းကပင် ဂီတဝါသနာ အခြေခံရှိခဲ့သူဖြစ်သည်။ (၁၉၆၈)ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီးနောက် တတိယနှစ်အထိသာ တက်ရောက်ခဲ့သည်။ (၁၉၇၄)ခုနှစ်တွင် E-machine တီးဝိုင်းအဖွဲ့တွင် Bass ဂီတာသမားအဖြစ် ပါဝင်ခဲ့ပြီး (၁၉၈၂)ဒီဇင်ဘာတွင် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ကို တေးသံရှင် ခင်မောင်တိုး ၊ တေးရေးကိုနေဝင်း၊ ကိုမောင်မောင် […]
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်သည် (၁.၅.၂၀၁၈)ရက်နေ့ (ဝ၀း၁၀)နာရီအချိန်တွင် စံပြဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်အကူညီတောင်းခံ လာပါသဖြင့် အသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်၍ ကျန်ရှိသောရုပ်အလောင်းအား ရေဝေးသုဿာန်အအေးခန်းသို့ (အခမဲ့) ပို့ဆောင်ပေးခဲ့ကြသည်။ ကွယ်လွန်သူ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်၏ ဈာပန အခမ်းအနားအား ယနေ့ နေ့လည်း(၁၁းဝ၀)နာရီအချိန်တွင် ရေဝေးသုဿာန်၊ ခန်းမ(၁/ခ)တွင် ကျင်းပခဲ့ရာ အဆိုပါဈာပန အခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် အနုပညာရှင်ညီအစ်ကိုမောင်နှမများတက်ရောက်ခဲ့ကြပြီး၊ နာ/ကူ(ရန်ကုန်)အသင်းသူ/သားများမှ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်၏ နောက်ဆုံးခရီး လိုက်ပါပို့ဆောင် ကူညီဖေးမခဲ့ကြသည်။ ၂၀၁၈၊ မေလ၊ (၃)ရက် သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန(FFSS)
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးမင်းစိန်သည် ဇန်နဝါရီလ (၅)ရက်နေ့ မနက်(၂:၃၀) အချိန်ရန်ကုန်ဆေးရုံ ကြီး၌ရုတ်တရက်ကွယ်လွန်သွားပါသည်။ ကွယ်လွန်သူ ဦးမင်းစိန် အသက် (၅၆)နှစ်၏ ကြွင်းကျန်ရစ်ရုပ်ကလာပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင်၍ ရန်ကုန်ဆေးရုံကြီးမှ ရေဝေးသုဿန်သို့ ပို့ဆောင်ကူညီဖေးမခဲ့ပါသည်။ ကွယ်လွန်သူ ဦးမင်းစိန်အား (7.1.2018)ရက်နေ့ မွန်းလွဲ(၁၂းဝ၀)အချိန် ရေဝေးသုဿန်တွင် မီးသဂြိုလ်မည်ဖြစ်ပါသည်။ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးမင်းစိန် ကွယ်လွန်သွားသည့်အတွက် မိသားစုများနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်။ ဓါတ်ပုံ – အောင်စိုးပိုင် ၊ အုပ်စိုးညီညီ
၂၀၁၆ ဇွန်(၂)ရက်နေ့ သရုပ်ဆောင်ဒေါက်တာနန်းမြတ်ဖြိုးသင်းမွေးနေ့အမှတ်တရနှင့်(၇)ရက်သားသမီးပရိသတ်များမှ စုပေါင်း၍ အလှူငွေ သိန်း(၃၀)ကျပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းပေးခဲ့ပြီး ညောင်ဦးမြို့ရှိကောင်းပင်စည်နာရေးကူညီမှုအသင်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် သရုပ်ဆောင် ဒေါက်တာနန်းမြတ်ဖြိုးသင်း တို့မှပူးပေါင်း၍ နိဗ္ဗာန်ယာဉ်(၁)စီးအား ပြန်လည်၍ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဖြိုးဖြိုး(ပြန်ကြားရေး)
(26.5.2016)နေ့တွင် ကမာရွတ်မြို့နယ် မှ နိဗ္ဗာန်ယာဉ်(၁)စီးမတည်အလှူငွေအဖြစ်ကွယ်လွန်သူဖခင်ကြီးဦးထိန်လင်းအားရည်စူး၍ ကျန်ရစ်သူမိသားစု၊ ဆွေမျိုးမိတ်သင်္ဂဟနှင့်တပည့်များအလှူငွေ – ၈၀ဝ၀,ဝ၀ဝိ/- (သိန်းရှစ်ဆယ်ကျပ်) လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုအစုစုအတွက် သာဓု အနုမောဓနာခေါ်ဆိုအပ်ပါသည်။
၂၀၁၆ မေ ( ၂၃ )ရက်နေ့ ညနေ (၂းဝ၀ နာရီမှ ၄းဝ၀)နာရီရေဝေးခန်းမ(၁/ဂ)တွင် ကိုလင်းခမ်းရာ(ခ)ရှက်တယ် အသက်(၃၉)နှစ်အား ရေဝေးသုင်္သာန်တွင် မီးသဂြိုလ်ပြီးသည် အထိ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖေးမကူညီဆောင်ရွက်ပေးခဲ့ပါသည် ။ ကိုရှက်တယ် ကောင်းရာသုဂတိလားပါစေ … နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ။ ။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆင်းရဲချမ်းသာလူပုဂ္ဂိုလ်မရွေးနာရေးကူညီမှုများပေးခဲ့ရာ ၂၀၁၆ မေ(၁၇)ရက်နေ့ တွင် အဆိုတော်ခိုင်ထူး၏မိခင်ကွယ်လွန်သူ ဒေါ်တင်တင်မြင့်အသက်(၉၂)နှစ် ၏ ရုပ်အလောင်းအားပါရမီအထွေထွေရောဂါ ကုဆေးရုံမှရေဝေးသုဿာန်သို့တိုက်ရိုက်ပို့ဆောင်မီးသဂြိုလ် ကူညီမှုပေးခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှအဆိုတော်ခိုင်ထူး၏မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲမိပါကြောင်း .
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၁၆မေလ(၈)ရက်နေ့တွင်(၄) လသားကလေးငယ်၏နာရေးအပါအဝင်နာရေးပေါင်း(၂၈)လောင်းအားကူညီပေးခဲ့ကြောင်းသိရှိရ ရန်ကုန် မေလ(၈) နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သက်ဆိုင်ရာနေအိမ် ဆေးရုံ ဆေးခန်း ၌ကွယ်လွန်သောတိုက်ရိုက်သဂြိုလ် သည့်(၄)လသားကလေးငယ်တစ်ဦး၏ နာရေးအပါအဝင်တိုက်ရိုက်နာရေးလမ်း ကြောင်း(၆)လောင်းနှင့်အအေးခန်းထား ရှိ၍သဂြိုလ်သောနာရေးလမ်း ကြောင်း(၂၂)လောင်း စုစုပေါင်း(၂၈)လောင်းအားကူညီပေးခဲ့ရကြောင်းရေးဝေးသုဿာန်ရှိနာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခွဲမှသတင်းရရှိပါသည်။ရေဝေး သုဿာန်၌ယနေ့တာဝန်ကျ အမှု့ ဆောင်များ နေ့တာဝန်ခံများနှင့် လုပ်အားပေးအသင်းသားများမှလည်း အချိန်နှင့်တစ်ပြေးညီစည်းစနစ်တကျ ကူညီလုပ်ကိုင်ပေးခဲ့ကြကြောင်းလည်း သိရှိရပါသည်။ နေ့စဉ်နာရေးပေါင်းနှစ်ဆယ်ကျော်နီးပါးကူညီပေးလျှက်ရှိပါသည်။ ကိုလင်း(F.F.S.S) (ရန်ကုန်)ရုံးခွဲမှသတင်းရရှိပါသည်။