၂၀၁၈ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့ နံနက် (ဝ၈း၄၀) အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ ဝေဘာဂီလမ်းမပေါ်တွင် YBS 64 မော်တော်ယာဉ်နှင့် Hi jet အမျိုးအစားမော်တော်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိ၍ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီးထွက်ခွာ၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သီးသန့်မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး အခင်းဖြစ်နေရာမှ ဒဏ်ရာရ လူနာ (၃)ဦးအား နာရေးကူညီမှု အသင်း(ရန်ကုန်)၊ သီးသန့်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ ကုသပေးခဲ့ပါသည်။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ […]
ငယ်စဉ်အခါက မြန်မာ့ရုပ်မြင်သံကြားတွင် “ရန်သူမျိုးငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ မညှာတာ ဘယ်သူ့မှမထောက်ပါ သူခိုး၊ ဓါးပြထက် ဆိုးတဲ့ရန်သူဟာ … ဤဇဗ္မူတစ်ခွင်မှာ ရန်သူမီးကို ရှောင်ရှား သတိပြုပါ” ဟူသော သီချင်းစာသားလေးအား မိဘပြည်သူများ သတိရကြဦးမည်ထင်ပါသည်။ အချို့သော အညာဒေသတို့၏ ရွာအဝင်တံခါး ဆိုင်းဘုတ်လေးတွင်လည်း မီးဘေးအန္တရာယ်မှ ကင်းဝေးစေအံ့ဟူသော မီးသတိပေး ဆိုင်းဘုတ်ကလေးများ ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရဖူးပါသည်။ မှန်ပါသည်။ ယခုပူပြင်းလှသော နွေရာသီအချိန်ကာလတွင် မြန်မာနိုင်ငံအဝှမ်း နေရာဒေသ အသီးသီးတို့တွင် မီးလောင်ဆုံးရှုံးမှု သတင်းများ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ပုံနှိပ်မီဒီယာများ၊ အွန်လိုင်းမီဒီယာများတို့တွင် ခပ်စိပ်စိပ်ကလေး တွေ့မြင်ကြားသိရသည်မှာ စိတ်မချမ်းမြေ့စရာ။ မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုကြောင့် မိဘပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် ငွေကျပ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ်များ ကင်းဝေးစေရန် […]
ယနေ့ ၂၃.၃.၂ဝ၁၃ ရက်နေ့သည် ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၏ အသက် (၁၂၇) နှစ်ပြည့် မွေးနေ့ မင်္ဂလာ နေ့ထူးနေ့မြတ်ဖြစ် သည်။ ယင်းနေ့ ည (၈းဝဝ) နာရီအချိန်၌ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ဘိုခြံကျေးရွာအုပ်စု ရေအားလျှပ်စစ်ဘောလုံးကွင်း အတွင်း တွင် ကျင်းပပြု လုပ်သည့် အလင်းသစ်လူငယ်များ၏ပထမအကြိမ် စာပေဟောပြောပွဲအား ဆရာညီမင်းညို၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ မှ “ဗြဟ္မစိုရ်ခြေလှမ်းများ” ခေါင်းစီးဖြင့် နာရေး ကူညီမှု အသင်း (ရန်ကုန်) အား မျိုးစေ့ချပေးခဲ့သော ဘဘ ဦးသုခ မှစတင်၍ တစ်လှမ်းခြင်း၊ တစ်ဆင့်ခြင်း ယနေ့အချိန်အထိ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ အရေးပေါ်ကယ်ဆယ်ရေး ကူညီထောက်ပံ့မှုများအား […]