၂၀.၁၀.၂၀၁၉ ရက်နေ့၊ (၂၂ : ၄၀) အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းတွင် သစ်ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ အထောက်အကူပြုယာဉ် (၁)စီးတို့မှ ထွက်ခွာကူညီ ငြှိမ်းသတ်ပေးခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ် (၁)စီးမှ ကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာခဲ့ကာ (၂၃:၁၄)အချိန် မီးငြိမ်းပါသည်။ မိဘပြည်သူများ အနဖွေငျ့ မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြရောက်သည့်အခါ အရေးပေါ် ဆက်သှယျရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ် တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ ဓာတ်ပုံ – ပြန်ကြားရေးဌာန FFSS
နာရေးကူညီမှုအသင်း(ရန်ကုန်) K Ambulance အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ကျော်သူပရဟိတကွန်ရက် အဖွဲ့တို့ ပူးပေါင်း၍ မွန်ပြည်နယ် ၊ ရေးမြို့တွင်” လျှက်တပြတ် “အရေးပေါ်ကယ်ဆယ်ရေးအခြေခံသင်တန်းကိုယနေ့ နံနက်တွင် ဖွင့်လှစ်သင်ကြားပေးရာအဆိုပါသင်တန်း၏သင်တန်းဖွင့်ပွဲ အခမ်းအနားအား ရေးမြိုရှိ ထန်းခြောက်ပင်ကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့ပာသည်။ အခမ်းအနားတွင် ထန်းခြောက်ပင်ကျောင်းတိုက်မှကျောင်းထိုင်ဆရာတော်နှင့် သင်တန်းဖြစ်မြောက်ရေးအဖွဲ့ဝင်များ ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သူများ၊တက်ရောက်ခဲ့ကြပါသည်။ အထက်ပါအရေးပေါ်ကယ်ဆယ်ရေးသင်တန်းအား(၁၇.၁၀.၂၀၁၉)မှ (၂၁.၁၀.၂၀၁၉)ထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၈၀)ဦး တက်ရောက်ခဲ့ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)K-Ambulanceအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှပဲခူးတိုင်းဒေသကြီး သကျနွယ် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းချိတ်ဆက်ကာပဲခူးမြို့နေ အသက်(၆၄)နှစ်အရွယ်ကျောက်တည်ဝေဒနာခံစားနေရသူ အမျိုးသားတစ်ဦးအား ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ချိတ်ဆက်ကာသယ်ဆောင်၍ လူနာအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကူညီခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulance အရေးပေါ်လူနာတင်ယာဉ်ဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ကျန်းမာရေးဝန်ဆောင်မှုများနှင့်အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ (၂၄)နာရီအဆင်သင့် (အခမဲ့)ကူညီဆောင်ရွက်ပေးလျက်ရှိရာ အကူအညီများတောင်းခံလိုပါကဖုန်း – 09 421119566, 09 31333273သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန (F.F.S.S.)
၂၀၁၉ အောက်တိုဘာလ(၁၃) သီတင်းကျွတ်လပြည့်နေ့ယနေ့ နံနက်တွင် ရန်ကုန်မြို့ ၊နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင်ကျပ်းပပြုလုပ်သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၉၉)ကြိမ်မြောက်ရုပ်ရှင်နေ့နှင့် (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)K-AMBULANCE အရေးပေါ်ကယ်ဆယ်အဖွဲ့မှလိုက်ပါကူညီ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြသည်။ ထိုပွဲတွင် အသက် (၇၇)နှစ်အရွယ်အဘိုးတစ်ဦးအား မင်္ဂလာဒုံမြို့နယ်၊အနုပညာဆည်းဆာရိပ်သို့ ပြန်လည်ပို့ဆောင်ပေး၍ ကုသိုလ်ယူခဲ့ကြသည်။ သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဌာန
စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲတွင် ပူးပေါင်း ကူညီဆောင်ရွက် ၂၃.၉.၂၀၁၉ ရက်နေ့၊ (ဝ၉း၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ်ကွက်ရှိ အထက(၄)တွင်မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ စခန်းမှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များသည်စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ ငလျင်ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခြင်း၊လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)သီးသန့်မီးသတ်တပ်ဖွဲ့မှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးခဲ့ပါသည်။မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါအရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS
၁၆.၉.၂၀၁၉ ရက်နေ့၊ (၂၁း၂၈) အချိန်ခန့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၄)ရပ်ကွက်၊ ဧကရာဇ်လမ်းတွင် နေအိမ် မီးလောင်မှုမီးလောင်မှုဖြစ်ပွားေကြာင်းသတင်းရရှိသဖြင့် level-1 ယာဉ်အုပ်စုများထွက်ခွာလျက်ရှိပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၊သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊မီးသတ်ရေသယ်ယာဉ် (၁)စီးတို့မှထွက်ခွာငြှိမ်းသတ်လျက်ရှိပြီးအရေးပေါ်လူနာတင်ယာဉ်(၁)စီးမှ ကယ်ဆယ်ရေးနှင့်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန်ထွက်ခွာခဲ့ကာ (၂၁း၄၃)အချိန် မီးငြိမ်းပါသည်။ မိဘပြည်သူများ အနေဖြင့်မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါအရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)#သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ ဓာတ်ပုံ – မြတ်မိုးအောင်
၁၅.၉.၂၀၁၉ ရက်နေ့၊ (ဝ၉းဝ၀) အချိန်တွင် ပဲခူးဆိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရှိ ရေဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းများ ဖြစ်သော ၁။ ပဲခူးမြို့၊ ဇိုင်း/တောင်ရပ်၊ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်ကျောင်းတိုက်၌ စာသင်သားသံဃာအပါးရေ (၃၅၅)ပါးစာအတွက်၄င်း၊ ၂။ ပဲခူးမြို့၊ ခြံကြီးပိုင်းရပ်၊ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု (၁၁၄)စု၊ လူဦးရေ ကျား-၂၈၆၊ မ-၂၇၄၊ စုစုပေါင်း-၅၆၀ ဦးစာအတွက်၄င်း၊ ၃။ ပဲခူးမြို့၊ ကျွန်းသာယာရပ်၊ ဒက္ခိဏသာခါကျောင်းဝင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု (၃၂၂)၊ လူဦးရေ ကျား-၅၄၀၊ မ-၄၃၈၊ စုစုပေါင်း-၉၇၈ ဦးစာအတွက်၄င်း၊ ၄။ ပဲခူးမြို့၊ မာဇင်းရပ်၊ အိုးလေးစု၊ မွရ်ကာနီယာ အစ္စလာမ် ဘာသာရေးကျောင်း၌ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ ကျား-၁၄၉၊ မ-၁၀၁၊ စုစုပေါင်း-၂၅၀ ဦးစာအတွက်၄င်း၊ ဆက်လက်၍ ၅။ ပဲခူးမြို့၊ […]
၂၀၁၉၊ သြဂုတ်လ၊ (၂၁)ရက် မွန်ပြည်နယ် ၊ ရေးမြို့ရှိ သုဝဏ္ဏဘုံ၊ အနန်းဘုံ၊ သပြုချောင်း၊ ကျောက်သင်္ဘော၊ ရင်းရယ်၊ ဂနီး၊ ဖလန်းရွာ စသောကျေးရွာများ သို့ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတ အသင်းသားများနှင့် ဝန်ထမ်းများမှ သဘာဝဘေးဒဏ်သင့်ရာ နေရာများသို့ အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများ ၊ ကျန်မာရေး ဌာနခွဲ ဆေးပေးခန်းများအတွက် ဆေးသေတ္တာ(Box)များကို သွားရောက်လှူဒါန်းခဲ့ကြသည်။ ထိုလမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွားများရှိ စာသင်ကျောင်း(၁၂)ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအတွက် စာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျတ် စသော ကျောင်းသုံး စာရေးကရိယာများလဲ လှူဒါန်းပေးခဲ့ပါသည်။ သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန (FFSS)
(၆.၉.၂၀၁၉) ည (၁၀းဝ၀)နာရီ အချိန်တွင် ရွှေပေါက်ကံ၊ (၁၇)ရပ်ကွက်၊ အင်းဝလမ်းမှ အမျိုးသား အသက်(၃၅)နှစ် အသည်းရောဂါ လူနာအား မြောက်က္ကလာပဆေးရုံသို့နာရေးကူညီမှုအသင်း(ရန်ကုန်) #K_Amublance အရေးပေါ်ကယ်ဆယ်ရေးဌာနညတာဝန်ကျ အဖွဲ့မှ အချိန်နှင့်တပြေးညီ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulance အရေးပေါ်လူနာတင်ယာဉ်ဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့်အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ (၂၄)နာရီအဆင်သင့် (အခမဲ့) ကူညီဆောင်ရွက်ပေးလျက်ရှိရာ အကူအညီများတောင်းခံလိုပါကဖုန်း – 09 421119566, 09 31333273သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန (F.F.S.S.)
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုယ်စားလှယ်အဖွဲ့သည် ၁၆.၆.၂၁၀၈ ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သောမွန်ပြည်နယ်၊ ရေးမြို့သို့ ရောက်ရှိကာ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အားကစားရုံတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများဖြစ်သည့် အိမ်ခြေ(၂၂၁)၊ လူဦးရေ ကျား-၄၆၁၊ မ-၄၅၈၊ စုစုပေါင်း-၉၁၉ဦးအတွက် ဆန်အိတ်(၂၄)ပြည်ဝင် (၃၀)အိတ်၊ ဆေးစိမ်ခြင်ထောင်(ကြီး) (၂၀၅)လုံး၊ ဓာတ်ဆားထုတ် (၅၀)ပါကင်၊ ဖိနပ်အရံ (၁၂၀)ရံ၊ ရေသန့်ကဒ် (၃၆)ကဒ်၊ စုစုပေါင်းတန်ဖိုး (၅၀ဝ၀ဝ၀ဝ) သိန်းငါးဆယ်ကျပ် တန်ဖိုးရှိ ပစ္စည်းများအား ရေဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ၂၀၁၈ ဇွန်လ(၁၈)ထပ်မံလှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN) Bank Account No – 208 […]