ငြိမ်းချမ်းရေး ဖခင်ကြီးမွေးနေ့၏ ဗြဟ္မစိုရ်ခြေလှမ်း









ယနေ့ ၂၃.၃.၂ဝ၁၃ ရက်နေ့သည် ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၏ အသက် (၁၂၇) နှစ်ပြည့် မွေးနေ့ မင်္ဂလာ နေ့ထူးနေ့မြတ်ဖြစ် သည်။ ယင်းနေ့ ည (၈းဝဝ) နာရီအချိန်၌ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ဘိုခြံကျေးရွာအုပ်စု ရေအားလျှပ်စစ်ဘောလုံးကွင်း အတွင်း တွင် ကျင်းပပြု လုပ်သည့်
အလင်းသစ်လူငယ်များ၏ပထမအကြိမ် စာပေဟောပြောပွဲအား ဆရာညီမင်းညို၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ မှ “ဗြဟ္မစိုရ်ခြေလှမ်းများ” ခေါင်းစီးဖြင့် နာရေး ကူညီမှု အသင်း (ရန်ကုန်) အား မျိုးစေ့ချပေးခဲ့သော ဘဘ ဦးသုခ မှစတင်၍ တစ်လှမ်းခြင်း၊ တစ်ဆင့်ခြင်း ယနေ့အချိန်အထိ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ အရေးပေါ်ကယ်ဆယ်ရေး ကူညီထောက်ပံ့မှုများအား Slide Show ပြုလုပ်၍ Projector ဖြင့်ပြသ ၍ အောင်မြင် စွာ ဟောပြောခဲ့ သည့်နောက် ည (၁၂းဝဝ) နာရီအချိန်တွင် မိတ္ထီလာမြို့ သို့ ကယ်ဆယ်ရေးခရီး ထွက်ခွာရန် အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် ဦးကျော်သူမှ ခရီးထွက်မည့် လူမှုရေးသမား များအား တွေ့ဆုံမှာကြားမှုများကို ပြုလုပ်ခဲ့သည်။
ယင်းခရီးစဉ်တွင် ဦးကျော်သူနှင့် ကျန်ရှိသော လူမှုရေး သမားများသည် ၂၅.၃.၂ဝ၁၃ ရက်နေ့ နံနက် (၅းဝဝ) နာရီအချိန်တွင်ပြည်မြို့၊ ပခုက္ကူမြို့နှင့် ချင်းပြည်နယ်များသို့ လူမှုရေးဟောပြောပွဲ ခရီးစဉ်သွားရောက်ရမည်ဖြစ်ပါ၍ ကိုယ်တိုင်ကိ်ုယ်ကျ မိတ္ထီလာ ခရီးစဉ်သို့ လိုက် ပါနိုင်ခြင်း မရှိသော်လည်း မိတ္ထီလာရှိ ဒုက္ခသည်ပြည်သူလူထုတို့အား မွန်မြတ်လှသည့် ပရဟိတစိတ်ဓါတ်တို့ဖြင့် လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်များ မွေးဖွား၍ ကူညီစောင်မ လက်တွဲ ဖေးမကြရန် မှာကြားခဲ့သည်။ မိတ္ထီလာ မီးဘေးရှောင်ဒေသခံ ဒုက္ခ သည်ပြည်သူလူထု များအား မေတ္တာ တရား ရှေးရှုထား၍ဗြဟ္မစိုရ် စိတ်ဓါတ်တို့ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူသားချင်း စာနာစိတ် တို့ဖြင့် ရွှေစင်စကြာ် ခရီးသွား ပို့ဆောင်ရေးလုပ်ငန်း မိသားစုတို့နှင့် ပူးပေါင်းကာ ခေါက်ဆွဲခြောက်၊ ပဲနို့ရည်၊ ပေါင်မုန့်တို့အား အသင့်စား သုံးနိုင်ရန်အတွက် ယနေ့ ည (၁၂းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ရွှေစင်စကြာ်မှ ကူညီပံ့ပိုး သည့် မော်တော်ယာဉ်ကြီးဖြင့် မိတ္ထီလာမြို့သို့ စတင်၍ ထွက်ခွာသွားပြီ ဖြစ်ပါသည်။
နွမ်းပါးရှာသူ၊
ချို့တဲ့သူကို ကူညီမစ၊
ထောက်ပံ့ကြသည်။
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ၊
ကံဆိုးသူကို ကူညီယုယ၊
ပြုစုကြသည်။
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ၊
အားနွဲ့သူကို ကူညီဖေးမ၊
ပံ့ပိုးကြသည်။
ပရဟိတ မွန်မြတ်လှ။
မကျန်းမာသူ၊
နာသောသူကို ကူညီစောင်မ၊
စောင့်ရှောက်ကြသည်။
ပရဟိတ မွန်မြတ်လှ။ ။
ဟူသော ဆရာကြီး မင်းယုဝေ၏ ကဗျာအား မိတ္ထီလာမြို့သွားရာ လမ်းတစ် လျှောက်ကြားယောင်နေမိတော့သည်။