ယာဉ်တိုက်မှု ဖြစ်ပွားရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တပြေးညီလုပ်ဆောင်
၂၀၁၈ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့ နံနက် (ဝ၈း၄၀) အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ ဝေဘာဂီလမ်းမပေါ်တွင် YBS 64 မော်တော်ယာဉ်နှင့် Hi jet အမျိုးအစားမော်တော်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိ၍ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီးထွက်ခွာ၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သီးသန့်မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး အခင်းဖြစ်နေရာမှ ဒဏ်ရာရ လူနာ (၃)ဦးအား နာရေးကူညီမှု အသင်း(ရန်ကုန်)၊ သီးသန့်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ ကုသပေးခဲ့ပါသည်။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။
သတင်း – ရဲသွင်ထွဋ် #FFSS
ဓါတ်ပုံ – ဆန်းထူးအောင် #FFSS