- နာရေးကူညီမှုအသင်း(ရန်ကုန်)သည် စေတနာရှင်အများ၏ အလှူငွေဖြင့် နာရေးကိစ္စဟူသမျှအား (အခမဲ့) ကူညီဖေးမပံ့ပိုးနေခြင်းဖြစ်ပါသည်။
- ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မည်သည့် ဝန်ထမ်း/လုပ်အားပေးများကိုမျှ ဝန်ဆောင်ခအဖြစ် ငွေကြေးတစ်စုံတစ်ရာမပေးစေလိုပါ။
- နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်သိက္ခာညှိုးငယ်နိုင်ပါသည်။
- အလှူရှင်များသည် အသင်းအားအထင်အမြင်လွဲမှားနိုင်ပါသည်။
- ဝန်ထမ်း/လုပ်အားပေးများ၏ အကျင့်စာရိတ္တကိုဖျက်ဆီးရာရောက်နိုင်ပါသည်။
- အသင်းသို့ လှူဒါန်းလိုပါလျှင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူခံဖြတ်ပိုင်းရယူ၍ ရုံးချုပ် (သို့) ရေဝေးရုံးခွဲသို့ တိုက်ရိုက်လှူဒါန်းစေလိုပါသည်။