၂၀၀၃

၂၂.၂.၂၀၀၃ အသင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးကျော်သူမှ ဒုဥက္ကဌအဖြစ်လည်းကောင်း၊ ဒေါ်သန်းမြင့်အောင် မှပြန်ကြားရေး ခေါင်းဆောင် အဖြစ်လည်းကောင်း၊ ဒေါ်မြင့်မြင့်ခင်ဖေ (ဒေါ်ရွှေဇီးကွက်)မှ တွဲဘက် ဘဏ္ဍာရေးမှူး အဖြစ်လည်းကောင်း စတင်တာဝန်ယူခဲ့
၂.၃.၂၀၀၃ စာရေးဆရာ ဆရာတော် ရဝေထွန်း ဈာပန
၇.၄.၂၀၀၃ ကမ္ဘာ့ကျန်းမာရေးနေ့မှစ၍ ဆေးရုံ(၆)ရုံ ဆေးကုညီမှု စတင်ပေးခဲ့(မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ စံပြ၊ အရှေ့ပိုင်းဆေးရုံ(ဂန္ဒီ)၊ အနောက်ပိုင်းဆေးရုံ (ကြည့်မြင်တိုင်)၊ အင်းစိန်)
၁၂.၄.၂၀၀၃ ဆိပ်ကြီးခနောင်ကို စေတနာ နာရေးကူညီမှုအသင်းဖွင့်ပွဲ သွားရောက်
၂၇.၄.၂၀၀၃ မော်လမြိုင် တောင်ပေါ်လမ်းလျှောက်အဖွဲ့ နာရေးကူညီမှု အသင်းဖွင့်ပွဲသွားရောက်
၂၃.၇.၂၀၀၃ ၀န်ကြီးဗိုလ်ချုပ်လှမြင့်ဆွေ ငွေလှူဒါန်းစဉ် ဆိပ်ကမ်းသို့ ရောက်ရှိနေသော ဂျပန်နိုင်ငံမှ လှူဒါန်းသည့် အထူး နိဗ္ဗာန်ယာဉ်များအား ထုတ်ယူခွင့်ရရန်ကူညီ
၂၅.၇.၂၀၀၃ အသင်းနှစ်ပါတ်လည် အထိမ်းအမှတ် “ပေးဆပ်နေသူများ” စာအုပ်ထုတ်ဝေ ၊ Silver Oak မှာ ပေးဆပ်နေသူများစာအုပ် မိတ်ဆက်ပွဲလုပ်၊ မဂ္ဂဇင်းနှင့် ဂျာနယ်များမှ လူပေါင်း ၃၀ ကျော်တက်ရောက်
၆.၉.၂၀၀၃ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးပြုလုပ်။ ဥက္ကဌ ဦးအေးသန့်၊ အတွင်းရေးမှူး ဦးဇော်ဝင်း (ဗိုလ်မှူး - ငြိမ်း) တို့ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့
၁၁.၉.၂၀၀၃ ပန်းချီဆရာ ကေမျိုး ဈာပနာ
၁၂.၉.၂၀၀၃ ရေဝေးရုံးသို့ အသင်းပိုင် လိုင်းဖုန်းအမှတ်- ၆၃၉၄၉၀ ကိုတပ်ဆင်
၁၆.၉.၂၀၀၃ ဦးဇော်ဝင်း + ဒေါ်တင်သန်းတို့အား အမှူးထား၍ (သား) ဦးဗညားဇော် + ဒေါ်အေးအေးအောင်(မိသားစု) ဂျပန်မှ လှူဒါန်းထားသော Cadilac ကားကို ဇီဝိတဒါန ဆေးရုံမှ သံဃာတစ်ပါး၏ အန္တိမဈာပနတွင် စတင်အသုံးပြု၊ ၎င်းတို့မှ Lincoln(၇ခ/၃၄၆၀)၊ President (၇ခ/၇၁၀၃)၊ Crown (၇ခ/၃၄၆၀) နှင့် Cadilac တစ်စီး၊ Crown တစ်စီး စုစုပေါင်း အထူးနိဗ္ဗာန်ယာဉ် (၅) စီးအား ဂျပန်နိုင်ငံမှ တိုက်ရိုက်ပေးပို့ လှူဒါန်းခဲ့
၁၈.၉.၂၀၀၃ ကျောက်ဆည်၊ နွားထိုးကြီး နာရေးကူညီမှုအသင်း ဖွင့်ပွဲသွားရောက်
၂၁.၉.၂၀၀၃ မအူပင် နာရေးကူညီမှုအသင်းဖွင့်ပွဲ သွားရောက်
၂၆.၉.၂၀၀၃ ဘားလမ်း၌ နာရေးအသင်း အမှုဆောင်သစ်များနှင့် စာနယ်ဇင်းသမားများ မိတ်ဆက်ပွဲပြုလုပ်
၅.၉.၂၀၀၃  
၁၆.၉.၂၀၀၃ စာနယ်ဇင်းသမားများ၊ ရုပ်ရှင်လူကြမ်းအဖွဲ့ဝင်များ၊
၂၃.၁၁.၂၀၀၃ လက်ခတ်တောင်ဆရာတော်မှ နာရေးကူညီမှုအသင်းသို့ ကားတစ်စီး ရေစက်ချလှူဒါန်း
၈.၁၂.၂၀၀၃ ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ မယ်တော် ဒေါ်စိန်ကြည်၏ ဈာပနအတွက် ဂျပန်မှ လှူဒါန်းထားသော ကားကြီးအား မှောဘီသို့ မောင်းသွား၍ ဈာပနကို ကူညီပေးခဲ့