၂၁.၁.၂၀၀၄ |
နာရေးကူညီမှု အသင်းအတွက် နေရာပေးခဲ့သည့်၊ နာရေးကူညီမှု အသင်း၏ သြ၀ါဒါစရိယ ဆရာတော်၊ ဗြဟ္မာဝိဟာရ ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ၏ ပျံလွန်တော်မူ |
၂၄.၁.၂၀၀၄ |
နာရေး ကူညီမှု အသင်း၏ သြ၀ါဒါစရိယ ဆရာတော် ဦးဥတ္တရ၏ အန္တိမဈာပနကို တာဝန်ယူလုပ် ဆောင်ရွက်ပေးခဲ့ |
၁၀.၃.၂၀၀၄ |
လက်ခတ်တောင်ဆရာတော် အရှင်မင်းဓမ္မမှ နာရေးကူညီမှု အသင်းသို့ အ/၃၄၀၆ (MAZADA E-2000) မော်တော်ယာဉ်တစ်စီး လှူဒါန်း |
၂၇.၄.၂၀၀၄ |
ညောင်ပင်လေးဈေးမှ နာရေးကူညီမှုအသင်းသို့ ကားတစ်စီး လှူဒါန်း |
၃၀.၄.၂၀၀၄ |
စည်ပင်သာယာရေးအဖွဲ့မှ ဖုန်းဆက်၍ ဗိုလ်ချုပ်ခင်ညွန့်မှ နာရေးကူညီမှု အသင်း အတွက် မြောက်ဒဂုံ မြေကွက်ကို အလကား ချပေးမည် ဖြစ်ကြောင်း လာရောက် သတင်းပို့ |
၂.၅.၂၀၀၄ |
ဗိုလ်ချုပ်ခင်ညွန့်ထံမှ မြေကွက်ချပေးရန် စာကျလာကြောင်း သတင်းရရှိ |
၇.၅.၂၀၀၄ |
နာရေးကူညီမှုအသင်း (ရန်ကုန်)၏ မှတ်ပုံတင်ရရှိ (အသင်း မှတ်ပုံတင်အမှတ် - ၁၈၇၉) |
၁၁.၅.၂၀၀၄ |
မန္တလေး၊ ဗိသုကာနာရေးအဖွဲ့နှင့် မတ္တရာ နာရေးအသင်း ဖွင့်ပွဲသို့ ဦးကျော်သူ သွားရောက်ဖွင့်လှစ် |
၁၄.၈.၂၀၀၄ |
တေးရေးတေးဆို ထူအိမ်သင် ဈာပနပြုလုပ်ပေးခဲ့ |
၁၅.၉.၂၀၀၄ |
ရေနံချောင်း နာရေးကူညီမှုအသင်း အထိမ်းအမှတ် စာပေဟောပြောပွဲသို့ ဒေါ်သန်းမြင့်အောင် သွားရောက် |
၇.၁၀.၂၀၀၄ |
တောင်တွင်းကြီးမြို့ စိတ္တသုခ နာရေးကူညီမှု အသင်းနှစ်ပါတ်လည် ဟောပြောပွဲသို့ ဆရာတော် ဦးနေမိန္န(ဗြဟ္မစိုရ်)၊ ဦးကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ညီဂျော်တို့ သွားရောက်ဟောပြော |
၈.၁၀.၂၀၀၄ |
အောင်လံမြို့၊ နာရေးကူညီမှု အသင်းသို့ ဆရာတော် ဦးနေမိန္န (ဗြဟ္မစိုရ်)၊ ဦးကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ညီဂျော်တို့ သွားရောက်ဟောပြော |