၂၀.၂.၂၀၀၈ |
တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်တိုင်းမှ နဂိုအမှုဆောင် အဖွဲ့အတိုင်း ဆက်လက် လုပ်ဆောင်ရန် စာပို့ |
၂.၃.၂၀၀၈ |
ဈာပနကော်မတီဝင်များနှင့် အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးကျော်သူ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌအဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ |
၁၀.၃.၂၀၀၈ |
တေးသံရှင် စိုင်းထီးဆိုင် သေဆုံး |
၁.၄.၂၀၀၈ |
စင်္ကပူရောက် မြန်မာများမှ စုပေါင်း၍ (စင်္ကပူရောက် စာနာသူများအဖွဲ့) အမည်ဖြင့် လစဉ်လှူဒါန်းမှုစတင် |
၂.၅.၂၀၀၈ |
မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းတွင် လူ(၁)သိန်းကျော် အသက်အိုးအိမ် ဆုံးရှုံးခဲ့ရသော နာဂစ်မုန်တိုင်းဖြစ်ပွား |
၅.၅.၂၀၀၈ |
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ၀န်ထမ်းများမလာနိုင်၍ ရေးဝေးတွင် အလောင်းထည့်သော ကတ်များအား လုပ်အားပေး ကော်မတီဝင်များကိုယ်တိုင် ရိုက်ယူရ |
၇.၅.၂၀၀၈ |
ရန်ကုန်မြို့တွင်း ဆန်ဝေခြင်းဖြင့် လေဘေးဒုက္ခသည် များအား လေဘေးကယ်ဆယ်ရေး လုပ်ငန်းများ စတင် (ကမ္ဘာအရပ်ရပ်မှ ယုံကြည်စွာလှူဒါန်းကြသော အလှူငွေ ကျပ်သိန်းပေါင်း တစ်သောင်းကျော်နှင့် ပစ္စည်းများအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အလှူရှင်များကိုယ်စား နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက်လှူဒါန်းခဲ့) |
၁၀.၅.၂၀၀၈ |
မြစ်ဝကျွန်းပေါ် လေဘေးကယ်ဆယ်ရေးကို မြောင်းမြမြို့သို့ သွားရောက်ခြင်းဖြင့် စတင် |
၃.၆.၂၀၀၈ |
ရန်ကုန်မှ ဒီးဒူးကုန်းသို့ ရှပ်ပြေးနှင့် ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် အဖွဲ့များသွား ရောက်၍ လှူဒါန်းမှုများပြုလုပ် |
၈.၆.၂၀၀၈ |
ကွမ်းခြံကုန်း၊ စံပြရပ်ကွက်တွင် ရုပ်ကလပ်များအား မီးသင်္ဂြိုလ်ပေး |
၂၃.၆.၂၀၀၈ |
အသင်းမှတ်ပုံတင် သက်တမ်းတိုး ခွင့်ပြုမိန့် မူရင်းရရှိ |
၂၄.၇.၂၀၀၈ |
ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးရွာတွင် သုသာန်ဇရပ်နှင့် နာရေးထော်လာဂျီယာဉ်တစ်စီး လှူဒါန်း |
၇.၈.၂၀၀၈ |
လပွတ္တာအသင်း သုသာန်ဇရပ်ပြင်ရန်နှင့် လှည်းတစ်စီးအတွက် အလှူငွေ ၄၅ သိန်း အသင်းမှ လှူဒါန်း |
၁၂.၈.၂၀၀၈ |
တော်ကူးရွာ၊ သုသာန်ဇရပ် ရေစက်ချပွဲ သွားရောက်ကြ |
၃၀.၈.၂၀၀၈ |
ဦးစိန် + ဒေါ်တီတို့အား ရည်စူး၍ ဦးကြင်စိန်၊ ဦးသန့်စင် + ဒေါ်ခင်ဝင်းမော် မိသားစုတို့မှ ကျပ် (၁၂၄) သိန်းကို မြောက်ဒဂုံမြေကွက်၌ သုခကုသိုလ်ဖြစ် ဆေးခန်းအတွက် အဆောက်အဦးသစ် ဆောက်လုပ်ရန် မတည်လှူဒါန်း |
၃.၁၁.၂၀၀၈ |
ကွယ်လွန်သူ ဒေါ်ဝိုင်းဝိုင်းနွဲ့ အသက်(၅၃) နှစ်အား ရည်စူး၍ ခင်ပွန်း ဦးချိုအေး(ခ) ဦးစိန်ဟုတ်ဆိုင်နှင့် သားသမီးတို့မှ ရုပ်ကလာပ်ထည့်ရန် Cool Box တစ်လုံးလှူဒါန်း |
၂.၁၁.၂၀၀၈ |
အသင်းနှစ်ပတ်လည် အစည်းအဝေးပြုလုပ် |
၂၄.၁၁.၂၀၀၈ |
ဦးကျော်သူနှင့် ဒေါ်သန်းမြင့်အောင်အား ၃၈-လမ်း ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေး ဌာနမှ ခေါ်ယူ၍ အအေးခန်း အခေါင်းကိစ္စ ပြောကြားခေတ္တ USA နေ ဒေါ်ရီမိသားစုမှ US$ 16800 ကျော်တန် Ultra Sound အားလာရောက်လှူဒါန်း |
၂၇.၁၁.၂၀၀၈ |
သုခ ကုသိုလ်ဖြစ်ဆေးခန်း၌ Ultra Sound စတင်အသုံးပြု |