ဟာသ လူရွှင်တော် သရုပ်ဆောင် ကင်းကောင်း(ခ) ဦးမျိုးမြင့် ၏ ဈာပန အခမ်းအနား












နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ ၊ သရုပ်ဆောင် အသင်းသား ထွန်းကိုကို နှင့်အတူ အသင်းသူ/သားများက ယနေ့ နံနက် (၇းဝ၀)အချိန်တွင်ကွယ်လွန်သူ ဟာသလူရွှင်တော် သရုပ်ဆောင် ကင်းကောင်း(ခ)ဦးမျိုးမြင့်အသက်(၅၅)နှစ်၏ ဈာပနအခမ်းအနားတွင် ဖေးမကူညီပေးခဲ့ကြသည်။
ဟာသလူရွှင်တော် သရုပ်ဆောင် ကင်းကောင်း(ခ)ဦးမျိုးမြင့် ၏ နောက်ဆုံးခရီးတွင် မိသားစုဝင်များ ၊ အနုပညာရှင်များ၊ ဆွေမျိုးမိတ်သင်္ဂဟာများ နှင့် ဦးကင်းကောင်အား ချစ်မြတ်နိုးကြသော ပရိတ်သတ်များစွာတို့က ကြေကွဲဝမ်းနည်းစွာဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြသည်။
သတင်း/ဓါတ်ပုံ – G-3၊ မြတ်မိုးအောင်၊ ဖြိုးဖြိုး