မီးလောင်ပြင်ကူညီမှု








ရန်ကုန် မေ ၅ ရက် ည ၈ နာရီ ၂၀မိနစ်အချိန် စက်ထဲသို့မီးလောင်နေကြောင်းသတင်းတစ်ခုဝင်ရောက်လာပါသည် ။ သတင်းအရ မီးစတင်လောင်သည့်နေရာသည် တောင်ဒဂုံ ၆၃ ရပ်ကွက် စက်မှု့ဇုန် (၂) စစ်တောင်းလမ်း ဟုသိရှိရပြီး
ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့်သတ်မှတ်၍ မီးသတ်ကားများစေလွှတ်နေရာ နာရေးကူညီမှု့အသင်း(ရန်ကုန်) မှဂါလံ ၂၈၀ဝ ဆန့် ရေသယ်ယာဉ် ၁ စီး အရေးပေါ ်လူနာတင်ယာဉ် ၃ စီး အသင်းသားအင်းအား ၂၅ ယောက်နှင့်အတူ အချိန်နှင့်တပြေးညီသွားရောက် ပူးပေါင်းကူညီမှု့များ ပြုလုပ်ပေးရပါသည်။ အဆိုပါမီးမှာ သစ်အချောထည် ပါကေးစက်ရုံမှ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးမှာပိုမိုအားကောင်းလာရာ မီးသတ်တပ်ဖွဲ့မှ Level 4 အဆင့်တိုးမြှင့်သတ်မှတ်၍ ငြှိမ်းသတ်ရပါသည်။ နာ/ကူ (ရန်ကုန်) မှ စေတနာ့ဝန်ထမ်း အသင်းသားများမှ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီများ တိုင်းမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ကူညီမှု့များပြုလုပ်ရာ မီးလုံးဝငြိမ်းချိန် မနက် ၁ နာရီကျော်မှ မိခင်အသင်းရှိရာသို့ ပြန်လည်ရောက်ရှိကြပါသည်။