| ၁၃.၁.၂၀၁၁ | ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်၊ လပွတ္တာလုပ် ကလေးကျေးရွာ၊ ”ဓမ္မပါလ” နာရေးအသင်းသို့ နိဗ္ဗာန်ရေယာဉ်နှင့် ပြသာဒ် တည်ဆောက်ရန် ငွေကျပ် ဆယ့်ငါးသိန်း လှူဒါန်း |
| ၁၃.၁.၂၀၁၁ | ဒါရိုက်တာမောင်ဝဏ္ဏဈာပန |
| ၁.၂.၂၀၁၁ | ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲအုပ်စု၊ ဆင်မြီှးဆွဲ နာရေး ကူညီမှု အသင်းသို့ ထော်လာဂျီ နိဗ္ဗာန်ယာဉ် တည်ဆောက်ရန် အသင်းမှ ငွေကျပ် သိန်းသုံးဆယ် လှူဒါန်း |
| ၁၀.၂.၂၀၁၁ | လူမှုရေးမျိုးဆက်သစ်သင်တန်း (၁/၂၀၁၁) ဖွင့်လှစ် |
| ၁၃.၁.၂၀၁၁ | ပြည်မြို့၌ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခဆေးခန်း အခွဲတစ်ခုအဖြစ် မိုးမေတ္တာ ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်ရန် ဦးညီညီအောင်တို့နှင့် ဆွေးနွေး |
| ၅.၃.၂၀၁၁ | အလှူရှင် ဦးကျော်စိန်မှ တန်ဖိုး ၂၃၅ သိန်းခန့်ရှိ ၅ခ/၄၃၂၉ (ISUZU) မော်တော်ယာဉ် တစ်စီး လာရောက်လှူဒါန်း |
| ၁၆.၃.၂၀၁၁ | နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူ ၅၀၀ ကျော်အား အင်္ဂလိပ်ဘာသာ + ယဉ်ကျေးလိမ္မာသင်တန်း စတင်ဖွင့်လှစ် |
| ၁၈.၃.၂၀၁၁ | ပြည်မြို့တွင် ကိုယ်ပွားသုခ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ရန် ပြည်မြို့၊ ရတနာမာန်အောင်ကျောင်း၌ မြေနေရာအား သွားရောက်ကြည့်ရှု |
| ၁၉.၃.၂၀၁၁ | ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ညောင်စာရေးရွာသို့ နာရေးကူညီမှုတွင် အသုံးပြုရန် နာရေးမော်တော်ယာဉ် ၅က/၅၄၈၈ အားလှူဒါန်း |
| ၂၀.၃.၂၀၁၁ | အသင်းလုပ်ငန်း စတင်သည့်(၁.၁.၂၀၀၁) မှ (၂၁.၃.၂၀၀၁) အထိ နာရေးကူညီပေါင်း တစ်သိန်းပြည့် |
| ၂၄.၃.၂၀၁၁ | အသင်းသူ/အသင်းသားများအား ဒေါက်တာ စိုးလွင် (မန္တလေး)မှ “ဓမ္မလမ်းကို လျှောက်ကြမယ်” ၀ိပဿနာ သင်တန်းကို ဓမ္မဒါနအဖြစ် စတင်သင်ကြားပေး |
| ၁၃.၄.၂၀၁၁ | ရုံးအဖွဲ့နှင့် ဈာပနလမ်းကြောင်း အဖွဲ့ကို သုခကုသုလ်ဖြစ်ဆေးခန်း အဆောက်အအုံမှ သုံးထပ် အဆောက်အဦး သို့ပြောင်းရွှေ့ |
| ၂၃.၄.၂၀၁၁ | နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ နာယကကြီး ဘဘဦးသုခ၏ ကျောက်ရုပ် ကျောက်တိုင်ဖွင့်ပွဲနှင့် (၁၀) နှစ်ပြည့် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် |
| ၆.၅.၂၀၁၁ | သီတဂူဆရာတော်ကြီး အမှူးပြုသော သီတဂူ သာသနာပြု အဖွဲ့မှ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ အအေးခန်းပါ အခေါင်း(၄)လုံး၊ အမျိုးအစား ဆေးရုံသုံး လူနာတင်ယာဉ် တစ်စီးနှင့် အခြား ဆေးရုံသုံးပစ္စည်းများ လှူဒါန်း |
| ၁၃.၅.၂၀၁၁ | စာရေးဆရာ နတ်နွယ်၏ နာရေးပြုလုပ် |
| ၁၄.၅.၂၀၁၁ | ရန်ကုန်မြို့နယ်၊ ဘောက်ထော်၊ ပြည်သာယာနေ ဦးကျော်ဝင်း ဒေါ်ညိုညို မိသားစုတို့မှ အမှတ် ၃က/၈၂၂၆ Sunny Pick-Up အမျိုးအစား ကားတစ်စီး လှူဒါန်း |
| ၂၁.၅.၂၀၁၁ | သီတဂူသာသနာပြုအဖွဲ့မှ လှူဒါန်းထားသော အအေးခန်း သေတ္တာ Cool Box အား လမ်းမတော်မြို့နယ်နေ ဗိုလ်ကြီးကျော်စိန် (ငြိမ်း) အသက် (၉၆) နှစ်၏ နာရေးတွင် စတင်ငှားရမ်းအသုံးပြု |
| ၂.၆.၂၀၁၁ | အမေရိကန်အထက် လွှတ်တော်အမတ် John McCain အသင်းသို့ လာရောက် လေ့လာ်၍ ဥက္ကဌအပါအ၀င် အမှုဆောင်အဖွဲ့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ John McCain မှ “မိမိကိုယ်မိမိကယ်ဆယ်ခွင့်မရရှိသူတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူမှုရေး သမားများက ၀ိုင်းဝန်းကယ်ဆယ် အကူအညီများ ပေးနိုင်ပါစေ” ဟု ဆုတောင်း မေတ္တာ ပို့သပေးခဲ့ |
| ၇.၆.၂၀၁၁ | နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သုခအလင်းစာကြည့်တိုက်၊ သုခဆေးခန်း၊ Logo များမှတ်ပုံတင်ရရှိခဲ့ |
| ၈.၆.၂၀၁၁ | ပြည်မြို့ ရတနာမာန်အောင် ကျောင်းဝန်းအတွင်း၌ မိုးမေတ္တာလူငယ်များ ဦးစည်းသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခ ကုသိုလ်ဖြစ်ဆေးခန်းအခွဲကို စတင်ဖွင့်လှစ် လူနာ(၃၉)ဦး လာရောက်ကုသ |
| ၁၀.၆.၂၀၁၁ | ပြည်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်မှ မိုးမေတ္တာပရဟိတ လူငယ်များ၏ လုပ်ငန်းများကို လှုပ်ရှားဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြားစာပို့ |
| ၁၁.၆.၂၀၁၁ | အမေရိကန် Washington မြို့ရှိ NDI (National Democratic Institude မှ President ဖြစ်သူ Mr.Kenneth Wollack နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လေ့လာ |
| ၁၂.၆.၂၀၁၁ | နာရေး ကူညီမှု အသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ် ဆေးခန်းမှ မော်လမြိုင်ကျွန်း၊ လပွတ္တာလုပ် ကလေးကျေးရွာ ကိုသိုလ်ဖြစ် ဆေးခန်းသို့ လစဉ် ဆေးဝါးထောက်ပံ့မှု စတင်ကူညီခဲ့ |
| ၁၅.၆.၂၀၁၁ | ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ၏ ဈာပန |
| ၂၇.၆.၂၀၁၁ | သီတဂူ သာသနာပြု အဖွဲ့မှ လှူဒါန်းထားသော လူနာတင်ယာဉ်အား မြောက်ဒဂုံမြို့တွင် နေထိုင်သူ ဒေါ်ယဉ်မေအား သုခဆေးခန်းမှ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင် ပေးရာတွင် စတင်အသုံးပြု |
| ၂၇.၆.၂၀၁၁ | ရုပ်ရှင်သရုပ်ဆောင် ပြည်ထောင်စုကျော်နိုင်၏ ဈာပန |
| ၃.၇.၂၀၁၁ | နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် စာရေးဆရာ မောင်သာချိုမှ “လူနှင့်ကြီးတော်နွား” ဟူသော ခေါင်းစဉ်ဖြင့် အသင်းသားများအား စာပေဟောပြောပွဲ လာရောက်ဟောပြောခဲ့ |
| ၁၄.၇.၂၀၁၁ | Venus News Journal တွင် အသင်း၏ အလှူရှင်များ ဓါတ်ပုံနှင့် ကျပ်တစ်သိန်း နှင့်အထက် အလှူရှင် အမည်များအား စတင်ဖော်ပြခွင့်ရခဲ့ |
| ၁၈.၇.၂၀၁၁ | အသင်းကြီးအား ဖြိုခွဲပျက်စီးလိုသော ဆန္ဒရှိသူများ၏ မမှန်ကန်သော တိုင်ကြား ချက်များကြောင့် အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့် ခင်ဖေ အပါအ၀င် အမှုဆောင်(၄)ဦး တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ် ရေးဦးစီးဋ္ဌာန၊ အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက် ဆွေးနွေးခဲ့ |
| ၄.၈.၂၀၁၁ | မကွေးတိုင်း၊ ငဖဲကျေးရွာ နာရေးကူညီမှု အသင်းသို့ နာရေးယာဉ် ၀ယ်ရန်အတွက် မတည်ငွေ(၄၂) သိန်း လှူဒါန်းခဲ့ |
| ၇.၈.၂၀၁၁ | နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် ဒုတိယအကြိမ် စာပေဟောပြောပွဲ အဖြစ် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) မှ “ပန်းတိုင်ရှိရာ” ဟူသော ခေါင်းစဉ်ဖြင့် လာရောက် ဟောပြောခဲ့ |
| ၇.၈.၂၀၁၁ | ပန်းချီဆရာ မောင်မောင်သိုက် အသက်(၆၁)နှစ်၏ ဈာပန အခမ်းအနားအား နာရေး ကူညီမှုအသင်း (ရန်ကုန်မှ) ကျင်းပ ပြုလုပ်ပေးခဲ့ |
| ၁၁.၈.၂၀၁၁ | စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မဟာဇောတိကယမ ကျောင်းတိုက်၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းသို့ ပညာရေးရန်ပုံငွေ ကျပ်ဆယ်သိန်းလှူဒါန်း |
| ၁၂.၈.၂၀၁၁ | မကွေးတိုင်း၊ ငဖဲမြို့နယ် စေတနာရှင် နာရေးကူညီမှုအသင်းသို့ နာရေး မော်တော်ယာဉ် ၀ယ်ယူရန် မတည်ငွေလှူဒါန်း |
| ၁၇.၈.၂၀၁၁ | နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူနှင့် အမှုဆောင်များ နေပြည်တော်တွင် ပြုလုပ်သော စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် နိုင်ငံတော် သမ္မတ တွေ့ဆုံပွဲ အခမ်းအနားသို့ အသင်း |
| ၁၈.၈.၂၀၁၁ | စာရေးဆရာ နန္ဒသိန်းဇံ ၏ ဈာပန |
| ၁၉.၈.၂၀၁၁ | မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရှိ အမရသုခ ကုသိုလ်ဖြစ်ဆေးခန်းသို့ အထွေထွေပရဟိတ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မတည်ငွေလှူဒါန်း |
| ၂၂.၈.၂၀၁၁ | မှုခင်းစာရေးဆရာနီလေးမောင်(ခ) ဦးသက်လှိုင် အသက်(၇၀)၏ ရုပ်အလောင်းအား ရေးပေး အအေးတိုက်သို့ ပို့ဆောင်ပေးခဲ့ |
| ၂၄.၈.၂၀၁၁ | မရမ်းကုန်းမြို့နယ်၊ ပေါက်စီတီကျောင်းတိုက်၏ ဦးစီးပဓါန နာယကဆရာတော်၊ အရှင်သုမိတ္တာ ဘိဝံသာ၏ အန္တိမအဂ္ဂိ ဈာပနအခမ်းအနားအား ကျင်းပပြုလုပ် |
| ၁၁.၉.၂၀၁၁ | နာရေးကူညီမှု အသင်း(ရန်ကုန်)၏ တတိယ အကြိမ်မြောက် စာပေ ဟောပြောပွဲ ကျင်းပပြုလုပ် စာရေးဆရာမ ဒေါ်နုနုရည်(အင်းဝ)မှ ကျွန်မဖြစ်ချင်သော လူနှစ်ယောက် အကြောင်းဟူသော ခေါင်းစဉ်ဖြင့် လာရောက်ဟောပြောခဲ့၊ |
| ၇.၉.၂၀၁၁ | Ameracan Canter မှ Mr.Daniel Opacki မှ အသင်းရှိ အသိပညာ ဖွံ့ဖြိုးရေးကော်မတီ၊ အင်္ဂလိပ် TOT သင်တန်း လာရောက်ပို့ချခဲ့ |
| ၁၁.၉.၂၀၁၁ | အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr.Derek Mitchell အသင်းသို့လာရောက် |
| ၁၁.၉.၂၀၁၁ | နာရေး ကူညီမှု အသင်း(ရန်ကုန်) ၏ ၂၀၁၁ ခုနှစ်ဖွဲ့စည်းပုံ စည်းမျဉ်းအား သင်းလုံးကျွတ် အထူး အစည်းအဝေးတွင် |
| ၁၅.၉.၂၀၁၁ | မရမ်းကုန်းမြို့နယ်၊ (၇)မိုင်နေ ဦးကျင်ရှိတ်၊ ဒေါ်တင်ဝင်းတို့မှ လှူဒါန်းသော Electrosugical Unit တစ်ခုအား ရခိုင်ပြည်နယ်၊ ပြည်သူ့ဆေးရုံ (အမ်းမြို့နယ်) သို့ တဆင့်ပြန်လည် လှူဒါန်းခဲ့ |
| ၂၂.၉.၂၀၁၁ | ပြင်သစ်နိုင်ငံသံအမတ်ကြီး Mr. Thieery Mathou အသင်းသို့လာရောက် လေံလာကာ ဆေးခန်းနှင့် ပညာရေး ကဏ္ဍအတွက် လိုအပ်သည့်အကူအညီပေးများ ပေးနိုင်ရန် ဆေွးနွေးခဲ့ |
| ၂၃.၉.၂၀၁၁ | ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သော ဟောပြောပွဲပြုလုပ်၊ အသင်းသူ အသင်း သား များနှင့်တကွ ဂီတပညာရှင်များ၊ စာပေပညာရှင်များနှင့် ဧရာဝတီကို ချစ်မြတ်နိုး သော လူငယ်လူရွယ်များ တက်ရောက်ခဲ့ |
| ၂၅.၉.၂၀၁၁ | အမှုဆောင် အစည်းအဝေး(၃၇/၁၁)၏ ဆုံးဖြတ်ချက်အရ ဒုတိယဥက္ကဋ္ဌ အဖြစ် ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူးအဖြစ် ဒေါ်မြင့်မြင့်ခင်ဖေတို့အား တာဝန်ပေးအပ်ခဲ့ |
| ၂.၁၀.၂၀၁၁ | နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၄)ကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပပြုလုပ် စာရေးဆရာ ချစ်ဦးညိုမှ “ကျွန်တော်နှင့် ဒဿဂီရိ” ဟူသော ခေါင်းစဉ်ဖြင့် လာရောက် ဟောပြောခဲ့၊ |
| ၂.၁၀.၂၀၁၁ | မင်္ဂလာဒုံမြို့နယ်ရှိ ပုညကာရီ (အခမဲ့)နာရေးကုသိုလ်ပြု အသင်း၏ နာရေးတစ်ရာပြည့် သို့ သွားရောက် ကူညီပို့ဆောင်ပေးခဲ့ |
| ၅.၁၀.၂၀၁၁ | နာရေးကူညီမှု အသင်း(ရန်ကုန်) ၏ ၂၀၁၁ ခုနှစ်အတွက် နာရေးလမ်းကြောင်း တစ်သောင်းပြည့် အခမ်းအနားဖြစ်သော မရမ်းကုန်းမြို့နယ်နေ ဒေါ်လှဆိုင် အသက်(၆၅) နှစ်၏ ဈာပနအား ဥက္ကဋ္ဌ ဦးကျော်သူနှင့်တကွ အသင်းသူ အသင်းသားများမှ လိုက်လံပို့ဆောင်ပေးခဲ့ |
| ၂၅.၁၀.၂၀၁၁ | အမေရိကန်သံအမတ်အသစ် Mr. Michael Thurftol နှင့် U.S. Departmant of State မှ Mr. Patrick Murphy တို့အသင်းသို့ လာရောက်လေ့လာခဲ့ |
| ၂၅.၁၀.၂၀၁၁ | မကွေးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် |
| ၂၈.၁၀.၂၀၁၁ | မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း အခြေပြု၊ ကွန်ပျူတာသင်တန်း ဖွင့်လှစ်ရန် အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခဲ့ |
| ၆.၁၁.၂၀၁၁ | နာရေးကူညီမှု အသင်း(ရန်ကုန်)၏ (၅) ကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပပြုလုပ် စာရေးဆရာမ ဂျူးမှ “စားသုံးသူအခွင့်အရေး” ဟူသော ခေါင်းစဉ်ဖြင့် လာရောက် ဟောပြောခဲ့ |
| ၁၁.၁၁.၂၀၁၁ | မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အနောက် သာဝရကျေးရွာရှိ အကြင်နာ လူမှုကူညီရေး အသင်းသို့ နာရေးယာဉ် ၀ယ်ယူရန်အတွက် မတည်ငွေလှူဒါန်း |
| ၁၃.၁၁.၂၀၁၁ | ဧမာနွေလနှစ်ခြင်း အသင်းတော်မှ ဥက္ကဋ္ဌ ဦးကျော်သူ အား Doctor of Human Social Services (D.H.S.S) ဘွဲ့နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေအား Master of Human Social Services (M.H.S.S) ဘွဲ့ချီးမြှင့်ခဲ့ |



