၂၀၁၉ စက္တင္ဘာ (၁၁)
ယေန႔ နံနက္တြင္ နာေရးကူညီမႈအသင္း(ရန္ကုန္) သုခကုသိုလ္ျဖစ္ေဆးခန္းတြင္
အစာအိမ္အူလမ္းေၾကာင္း အသည္းေရာဂါအထူးကုသမားေတာ္
ေဒါက္တာသြင္ေမာင္ေအး မွ ဦးေဆာင္၍
Rotary Club of Central Yangon ႏွင့္ Headway Myanmar Medical Co.,Ltd မွ
ကူညီေထာက္ပံ့ေပး၍ အစာအိမ္ေရာဂါပိုး ရွိ/မရွိ အား
စရိတ္မွ်ေပးကာ စမ္းသပ္မႈအား ျပဳလုပ္ခဲ့ၾကသည္။
အစာအိမ္ေရာဂါလကၡဏာမ်ားျဖစ္သည့္ ၀မ္းဗိုက္နာ၊ ဗိုက္ကယ္၊
မအီမသာ၊ ေအာ့အန္ျခင္းတို႔ကို မၾကာခဏဆိုသလို (၆)လႏွင့္ အထက္
ၾကာျမွင့္စြာ ခံစားေနရေသာ လူနာမ်ားအား အစာအိမ္ေရာဂါပိုး
H.pylori ကူးစက္မႈ ေလမႈတ္စစ္ေဆးျခင္း(Urea Breath Test)ျဖင့္
စမ္းသပ္ကုသေပးခဲ့ၾကသည္။
ထိုသို႔ လာေရာက္စမ္းသပ္မႈခံယူခဲ့ေသာ လူနာမ်ား၏ စမ္းသပ္ခ
ေငြက်ပ္(၁၀,၀၀၀)အား Headway Myanmar Medical Co.,Ltd. မွ
ကုသိုလ္ျဖစ္ စရိတ္မွ်ေပးခဲ့ျပီး လိုအပ္ေသာ ေဆး၀ါးမ်ားကို
သုခကုသိုလ္ျဖစ္ေဆးခန္းမွ တစ္ပတ္စာ(၂)ၾကိမ္ အခမဲ့ေထာက္ပံ့ေပးခဲ့ၾကသည္။
ယခုစစ္ေဆးကုသျခင္းသည္ အက်ိဳးသက္ေရာက္မႈအေနျဖင့္
အစာအိမ္ေရာဂါပိုးေၾကာင့္ ဘ၀လူေနမႈအခက္အခဲႏွင့္ အလုပ္စြမ္းေဆာင္ရည္နိမ့္က်ေနသူ
ငယ္ရြယ္သူမ်ားအတြက္ ေရတိုကာလအတြင္း ေရာဂါလကၡဏာသက္သာ၍
ဘ၀ေနထိုင္မႈတိုးတက္လာရံုသာမက ေရရွည္ကာလတြင္လည္း အစာအိမ္ကင္ဆာျဖစ္ပြားမႈကို
ကာကြယ္ႏိုင္မည္ျဖစ္ပါသည္။
ထို႔ေနာက္ နာေရးကူညီမႈအသင္း(ရန္ကုန္) ဥကၠဌ ဦးေက်ာ္သူ ႏွင့္
အစာအိမ္အူလမ္းေၾကာင္း အသည္းေရာဂါအထူးကုသမားေတာ္
ေဒါက္တာသြင္ေမာင္ေအး တို႔ေတြ႔ဆံုကာ က်န္းမာေရးဆိုင္ရာကိစၥရပ္မ်ားကို
ေဆြးေႏြးတိုင္ပင္ခဲ့ၾကသည္။
သတင္း/ဓါတ္ပံု - ျပန္ၾကားေရးဌာန
Unicode
အစာအိမ်အူလမ်းကြောင်း အသည်းရောဂါ အထူးကုသမားတော် ဒေါက်တာသွင်မောင်အေး မှ
ဦးဆောင်၍ သုခကုသိုလ်ဖြစ်ဆေးခန်း၊ Rotary Club of Central Yangon နှင့်
Headway Myanmar Medical Co.,Ltd. မှ ကူညီထောက်ပံ့မည့် အစာအိမ်ရောဂါပိုး
စရိတ်မျှပေး စမ်းသပ်မှုနှင့် ကုသမှုများ ပြုလုပ်ပေးခဲ့
====================================
၂၀၁၉ စက်တင်ဘာ (၁၁)
ယနေ့ နံနက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)
သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အစာအိမ်အူလမ်းကြောင်း
အသည်းရောဂါအထူးကုသမားတော် ဒေါက်တာသွင်မောင်အေး
မှ ဦးဆောင်၍ Rotary Club of Central Yangon နှင့်
Headway Myanmar Medical Co.,Ltd မှ ကူညီထောက်ပံ့ပေး၍
အစာအိမ်ရောဂါပိုး ရှိ/မရှိ အား စရိတ်မျှပေးကာ
စမ်းသပ်မှုအား ပြုလုပ်ခဲ့ကြသည်။
အစာအိမ်ရောဂါလက္ခဏာများဖြစ်သည့် ဝမ်းဗိုက်နာ၊ ဗိုက်ကယ်၊ မအီမသာ၊
အော့အန်ခြင်းတို့ကို မကြာခဏဆိုသလို (၆)လနှင့် အထက် ကြာမြှင့်စွာ
ခံစားနေရသော လူနာများအား အစာအိမ်ရောဂါပိုး H.pylori ကူးစက်မှု
လေမှုတ်စစ်ဆေးခြင်း(Urea Breath Test)ဖြင့်စမ်းသပ်ကုသပေးခဲ့ကြသည်။
ထိုသို့ လာရောက်စမ်းသပ်မှုခံယူခဲ့သော လူနာများ၏ စမ်းသပ်ခ
ငွေကျပ်(၁၀,၀၀၀)အား Headway Myanmar Medical Co.,Ltd.
မှ ကုသိုလ်ဖြစ် စရိတ်မျှပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများကို
သုခကုသိုလ်ဖြစ်ဆေးခန်းမှ တစ်ပတ်စာ(၂)ကြိမ် အခမဲ့ထောက်ပံ့ပေးခဲ့ကြသည်။
ယခုစစ်ဆေးကုသခြင်းသည် အကျိုးသက်ရောက်မှုအနေဖြင့်
အစာအိမ်ရောဂါပိုးကြောင့် ဘဝလူနေမှုအခက်အခဲနှင့်
အလုပ်စွမ်းဆောင်ရည်နိမ့်ကျနေသူ ငယ်ရွယ်သူများအတွက်
ရေတိုကာလအတွင်း ရောဂါလက္ခဏာသက်သာ၍
ဘဝနေထိုင်မှုတိုးတက်လာရုံသာမက ရေရှည်ကာလတွင်လည်း
အစာအိမ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)
ဥက္ကဌ ဦးကျော်သူ နှင့် အစာအိမ်အူလမ်းကြောင်း
အသည်းရောဂါအထူးကုသမားတော် ဒေါက်တာသွင်မောင်အေး
တို့တွေ့ဆုံကာ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
သတင်း/ဓါတ်ပုံ - ပြန်ကြားရေးဌာန