ပရဟိတအနုပညာရှင် ထူးအောင် နှင့် မေမြင့်မိုရ် တို့၏ တစ်နေ့တာ ပေးဆပ်မှုကုသိုလ်

၂၀၁၉ အောက်တိုဘာ(၁၅)

နာရေးကူညီမှုအသင်း(ရန်ကုန်)၏

ဥက္ကဌ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ၏

လမ်းညွှန်ပေးမှုတို့ဖြင့်

အနုပညာရှင်များသွားရောက်ကူညီပေးလျှင်

ကွယ်လွန်သွားသူတို့၏ ကျန်ရစ်သော

မိသားစုများသည် သောကအပူမီးတို့

တစ်ဝက်လောက်ပျောက်သွားနိုင်သည်ကို

ပြောပြခဲ့ဖူးပါသည်။

ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)

၏ အနုပညာရှင် စေတနာ့လုပ်အားပေး

အသင်းသား ထူးအောင် နှင့် မေမြင့်မိုရ်

တို့က အနုပညာလုပ်ငန်းများ အားလပ်သော

အချိန်လေးကို တန်ဖိုးရှိစွာဖြင့် ကွယ်လွန်သူ

အဘွားဒေါ်ရင်ပို အသက်(၈၇)နှစ်အား

နေအိမ်မှ ရေဝေးသုဿန်အအေးခန်းသို့

နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ ကုသိုလ်ယူ၍

ဖေးမကူညီခဲ့ကြသည်။

သတင်း/ဓါတ်ပုံ - ပြန်ကြားရေးဌာန FFSS