ကလောင် …ကလောင် …ကလောင် ကျောင်းတက်ခေါင်းလောင်းထိုးနေပြီ သူငယ်ချင်းရေ

နေမင်းကနွေးထွေးစွာ ထွက်ပေါ်လာချိန် ဥသြဌက်ကလေးလဲ ပင်ယံထက်မှာ တွန်ကြူးနေပြီ ။ ဒါနဲ့ နွေရာသီတောင်ရောက်နေပြန်ပေါ့လား … ငါတို့တွေ ကျောင်းစာသင်ခန်းထဲမှာ စာတွေအတူတူကျက်ရင်း စာမေးပွဲဆိုတဲ့ ပန်းတိုင်တွေကို အကောင်းဆုံးဖြေဆိုရင်း ဖြတ်သန်းခဲ့ကြတာ ခုဆို ကျောင်းကြီးလဲပိတ်ခဲ့ပြန်ပြီကွာ …။

စာမေးပွဲတွေပြီးတော့ “မင်းဘာလုပ်မလဲ … ငါဘာလုပ်မလဲ” မေးခွန်းတွေကိုယ်စီနဲ့ မေးနေတဲ့ ငါ့သူငယ်ချင်းရေ … ငါကတော့ကွာ နွေရာသီကျောင်းပိတ်ရက်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)လို့ခေါ်တဲ့ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူတို့ ဖွင့်ထားတဲ့ သုခအလင်းပညာဒါနကျောင်းမှာ နွေရာသီ အခမဲ့သင်တန်းတွေအများကြီးဖွင့်ထားတယ်တဲ့ကွာ …ငါတော့အဲ့မှာ သင်တန်းတွေတက်နေပြီကွ … ဘာသင်တန်းတွေလဲဆို “ အခြေခံ အင်္ဂလိပ်စကားပြော ၊ကာတွန်း ၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ကရာတေး စတဲ့သင်တန်းတွေအများကြီးဖွင့်တော့ ငါ့မှာ ပျင်းရိနေချိန်တောင်မရှိပါဘူးကွာ … အဲ့ဒီသင်တန်းတွေအကုန်လုံးကို နေ့တိုင်းတက်ရတော့ ငါ့မှာသူငယ်ချင်းအသစ်တွေလဲ တိုးရင်း တိုးရင်းပေါ့ကွာ ။

ပျော်စရာလဲကောင်းတယ် … အင်္ဂလိပ်စကားပြော သင်တန်းမှာဆို အင်္ဂလိပ်လိုပဲပြောနေရတော့ ငါငယ်ငယ်တုန်းက ကျောင်းမှာအင်္ဂလိပ်စာဖတ်ရင် ထွက်နေကြ ငါးပိသံတွေတောင် ပျောက်လုနီးနီးဖြစ်နေပြီကွ ! နောက်ပြီး ကရာတေးသင်တန်းလဲတက်တော့ ဂျပန်လိုလဲ နည်းနည်းတက်လာတယ် ဒါတင်မကဘူး သူငယ်ချင်းရေ … ငါအရင်လို လူမြင်ရင်ကြောက်တက်တဲ့သူတစ်ယောက်မဟုတ်တော့ဘူးကွ ။ ဘာလို့ဆို အဲ့ဒီကရာတေးသင်တန်းမှာ ကိုယ့်ကိုကိုယ် ကာကွယ်လိုတဲ့စိတ် ၊ ငါ့မိသားစုကို ကာကွယ်လိုတဲ့စိတ်တွေအပြင် နိုင်ငံသားတစ်ဦးရဲ့တိုင်းပြည်ကိုတာဝန်ယူစိတ်တွေကိုပါ သင်ယူနေရတော့ ငါအခုဆို ဗလတွေဘာတွေထွက်ပြီး ကိုယ်ခံပညာတွေလဲတက်နေပြီကွ ။ ေ

နာက်ထပ်ပြောစရာတွေကျန်သေးတယ်ကွာ … ငါဆွဲထားတဲ့ ပန်းချီကားလေးအကြောင်း …. ဟား … ဟား … ငါပြောတာတွေများလို့ မင်းကိုကြွားနေတယ်ထင်နေပါဦးမယ် ။

ကြာပါတယ် … လာကွာ ငါတို့အတူတူ ဒီသင်တန်းတွေ အားလုံးကို ပျော်ပျော်ကြီးတက်ပြီး နွေရာသီကျောင်းပိတ်ရက်ကြီးကို တန်ဖိုးရှိရှိ ဖြတ်သန်းလိုက်ကြရအောင် ။

ဟှောင့် ! မြန်မြန်လာကွ ကျောင်းခေါင်းလောင်းထိုးနေပြီ …..။

ဖြိုးဖြိုး (FFSS)