Slogan
ရက်စွဲမှတ်တမ်း

၂၀၀၈

၂၀.၂.၂၀၀၈ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်တိုင်းမှ နဂိုအမှုဆောင် အဖွဲ့အတိုင်း ဆက်လက် လုပ်ဆောင်ရန် စာပို့
၂.၃.၂၀၀၈ ဈာပနကော်မတီဝင်များနှင့် အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးကျော်သူ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌအဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့
၁၀.၃.၂၀၀၈ တေးသံရှင် စိုင်းထီးဆိုင် သေဆုံး
၁.၄.၂၀၀၈ စင်္ကပူရောက် မြန်မာများမှ စုပေါင်း၍ (စင်္ကပူရောက် စာနာသူများအဖွဲ့) အမည်ဖြင့် လစဉ်လှူဒါန်းမှုစတင်
၂.၅.၂၀၀၈ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းတွင် လူ(၁)သိန်းကျော် အသက်အိုးအိမ် ဆုံးရှုံးခဲ့ရသော နာဂစ်မုန်တိုင်းဖြစ်ပွား
၅.၅.၂၀၀၈ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ၀န်ထမ်းများမလာနိုင်၍ ရေးဝေးတွင် အလောင်းထည့်သော ကတ်များအား လုပ်အားပေး ကော်မတီဝင်များကိုယ်တိုင် ရိုက်ယူရ
၇.၅.၂၀၀၈ ရန်ကုန်မြို့တွင်း ဆန်ဝေခြင်းဖြင့် လေဘေးဒုက္ခသည် များအား လေဘေးကယ်ဆယ်ရေး လုပ်ငန်းများ စတင် (ကမ္ဘာအရပ်ရပ်မှ ယုံကြည်စွာလှူဒါန်းကြသော အလှူငွေ ကျပ်သိန်းပေါင်း တစ်သောင်းကျော်နှင့် ပစ္စည်းများအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အလှူရှင်များကိုယ်စား နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက်လှူဒါန်းခဲ့)
၁၀.၅.၂၀၀၈ မြစ်ဝကျွန်းပေါ် လေဘေးကယ်ဆယ်ရေးကို မြောင်းမြမြို့သို့ သွားရောက်ခြင်းဖြင့် စတင်
၃.၆.၂၀၀၈ ရန်ကုန်မှ ဒီးဒူးကုန်းသို့ ရှပ်ပြေးနှင့် ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် အဖွဲ့များသွား ရောက်၍ လှူဒါန်းမှုများပြုလုပ်
၈.၆.၂၀၀၈ ကွမ်းခြံကုန်း၊ စံပြရပ်ကွက်တွင် ရုပ်ကလပ်များအား မီးသင်္ဂြိုလ်ပေး
၂၃.၆.၂၀၀၈ အသင်းမှတ်ပုံတင် သက်တမ်းတိုး ခွင့်ပြုမိန့် မူရင်းရရှိ
၂၄.၇.၂၀၀၈ ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးရွာတွင် သုသာန်ဇရပ်နှင့် နာရေးထော်လာဂျီယာဉ်တစ်စီး လှူဒါန်း
၇.၈.၂၀၀၈ လပွတ္တာအသင်း သုသာန်ဇရပ်ပြင်ရန်နှင့် လှည်းတစ်စီးအတွက် အလှူငွေ ၄၅ သိန်း အသင်းမှ လှူဒါန်း
၁၂.၈.၂၀၀၈ တော်ကူးရွာ၊ သုသာန်ဇရပ် ရေစက်ချပွဲ သွားရောက်ကြ
၃၀.၈.၂၀၀၈ ဦးစိန် + ဒေါ်တီတို့အား ရည်စူး၍ ဦးကြင်စိန်၊ ဦးသန့်စင် + ဒေါ်ခင်ဝင်းမော် မိသားစုတို့မှ ကျပ် (၁၂၄) သိန်းကို မြောက်ဒဂုံမြေကွက်၌ သုခကုသိုလ်ဖြစ် ဆေးခန်းအတွက် အဆောက်အဦးသစ် ဆောက်လုပ်ရန် မတည်လှူဒါန်း
၃.၁၁.၂၀၀၈ ကွယ်လွန်သူ ဒေါ်ဝိုင်းဝိုင်းနွဲ့ အသက်(၅၃) နှစ်အား ရည်စူး၍ ခင်ပွန်း ဦးချိုအေး(ခ) ဦးစိန်ဟုတ်ဆိုင်နှင့် သားသမီးတို့မှ ရုပ်ကလာပ်ထည့်ရန် Cool Box တစ်လုံးလှူဒါန်း
၂.၁၁.၂၀၀၈ အသင်းနှစ်ပတ်လည် အစည်းအဝေးပြုလုပ်
၂၄.၁၁.၂၀၀၈ ဦးကျော်သူနှင့် ဒေါ်သန်းမြင့်အောင်အား ၃၈-လမ်း ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေး ဌာနမှ ခေါ်ယူ၍ အအေးခန်း အခေါင်းကိစ္စ ပြောကြားခေတ္တ USA နေ ဒေါ်ရီမိသားစုမှ US$ 16800 ကျော်တန် Ultra Sound အားလာရောက်လှူဒါန်း
၂၇.၁၁.၂၀၀၈ သုခ ကုသိုလ်ဖြစ်ဆေးခန်း၌ Ultra Sound စတင်အသုံးပြု

FFSS အကြောင်း

သတင်းထုထ်ပြန်ချက်