Slogan
ရက်စွဲမှတ်တမ်း

၂၀၁၀

၁၅.၁.၂၀၁၀ “သုခအဟာရ” စားသောက်ဆိုင် အနီးတွင် ပလပ်စတစ် မြေပြင်အား သဘာဝ မြေသြဇာဖြင့် ပြုပြင်၍ သဘာဝသီးနှံ စိုက်ခင်းပြုလုပ်
၁၆.၁.၂၀၁၀ ရွှေနှင်းဆီဝိဇ္ဇာသိပ္ပံဆရာတော် ဈာပန
၁၇.၁.၂၀၁၀ နာရေးကူညီမှုအသင်း(ရန်ကုန်) နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြုလုပ်
၂၉.၁.၂၀၁၀ ဒေါ်မြင့်မြင့်ခင်ဖေ နှင့် ဒေါ်သန်းမြင့်အောင်တို့မှ ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံနှင့်၊ ကလေးဆေးရုံများအား သွားရောက်၍ ဆေးကူညီမှုများ ပေးမည်ဟု ပြောခဲ့
၃၁.၁.၂၀၁၀ စတီဒီယိုအဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြဖိုလ်မှ အသင်းအား ငွေလာရောက်လှူဒါန်း
၇.၂.၂၀၁၀ နာရေးကူညီမှု အသင်းရှိ လူငယ်များနှင့် အသင်းသို့ ထပ်မံလုပ်အားပေးလိုသည့် လူငယ်များ နာရေးကူညီမှု အသင်း၏ လုပ်ငန်းများအကြောင်း သေချာစွာ သိရှိ နားလည်စေရန်နှင့် ပရဟိတ စိတ်ဓာတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ “နာရေးကူညီမှုအသင်း (ရန်ကုန်) ပရဟိတ လုပ်ငန်းဆိုင်ရာ သင်တန်း” အမှတ်စဉ် ၁/၂၀၁၀ စတင်ဖွင့်လှစ် (၂၀၁၀ ခုနှစ်တွင် သင်တန်း (၆) ကြိမ် ဖွင့်လှစ်ခဲ့) (အချို့သင်တန်း အပါတ်စဉ်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝမြေသြဇာ၊ သဘာဝသီးနှံဖြင့် လူသုံးကုန် ပစ္စည်းများထုတ်လုပ်ခြင်း၊ လူငယ် ယဉ်ကျေးလိမ္မာ သင်တန်း ဆရာဖြစ်သင်တန်းများ ပူးတွဲသင်ကြား)
၁၃.၂.၂၀၁၀ “သုခအလင်း” စာကြည့်ခန်း ဖွင့်လှစ်
၂၁.၂.၂၀၁၀ ဓာတ်မှန်ဆောင် ပန္နက်တင် Pile ရိုက်ခြင်းပြုလုပ်
၂၄.၂.၂၀၁၀ နာရေးကူညီမှုအသင်းပိုင် ရုံးအဆောက်အဦး (သုံးထပ်အဆောက်အဦး) ပန္နက်တင် Pile ရိုက်ခြင်းပြုလုပ်
၁.၃.၂၀၁၀ ဆေးကူညီမှု လုပ်ငန်းကို မူလအစိုးရ ဆေးရုံကြီး(၆)ရုံ အပြင် ဆေးရန်ကုန် ကလေး ဆေးရုံကြီးနှင့် နား ၊ နှာခေါင်း လည်ချောင်းဆေးရုံများကိုပါ ထပ်မံတိုးချဲ့ကူညီမှုပေးခဲ့
၂.၃.၂၀၁၀ အလှူရှင် ဦးဟုန်တမ် + ဒေါ်ခင်မြင့်ရီတို့မှ စ/၃၃၀၀ Bus ကားတစ်စီး လာရောက် လှူဒါန်း
၁၄.၃.၂၀၁၀ ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသော သန်းသန်းစိုး နှင့် ဂွမ်းပုံကြီးတို့နှင့် ဥက္ကဋ္ဌ ဦးကျော် သူတို့မှ အသင်း၌ ပရဟိတ လူမှုရေး သရုပ်ဆောင် သင်တန်း ကျင်းပပြုလုပ်
၁၇.၃.၂၀၁၀ ကလေးများအား နွေရာသီ အင်္ဂလိပ်စာ သင်တန်းအတွက် အကြိုအရည်အချင်းစစ် စာမေးပွဲ ကျင်းပပြုလုပ်
၂၀.၃.၂၀၁၀ နွေရာသီ အင်္ဂလိပ်စာသင်တန်း စတင်ဖွင့်လှစ် ကလေးငယ်ပေါင်း (၈၀) ကျော်တက်ရောက်
၂၉.၃.၂၀၁၀ မကွေးဆရာတော်ဘုရားကြီး ပျံလွန်တော်မူ၊ ရခိုင်စစ်ဒေသမှ ဦးခင်မောင်ထွန်း၏ အကူညီတောင်း၍ မှန်ခေါင်း တစ်ခု လှူနိုင်ရန်စီစဉ်
၂၅.၄.၂၀၁၀ အမေရိကန်နိုင်ငံရောက် မြန်မာလူမျိုးများမှ ပေးအပ်သော ပထမအကြိမ်မြောက် “ပြည်သူ့ဂုဏ်ရည်ဆု” ကို ဦးကျော်သူမှရရှိ
၃၀.၃.၂၀၁၀ မကွေးဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်ကို ကမ္ဘာအေးမှ ရန်ကုန်လေဆိပ်သို့ ပို့ပေးရ
၆.၄.၂၀၁၀ မဟာစည်ဆရာတော် ဘုရားကြီး၏ ဈာပန
၁၄.၅.၂၀၁၀ ရေရှားပါးမှုဒုက္ခ ကယ်ဆယ်ရေး အတွက် ရေပေးဝေရေး လုပ်ငန်းကို ပဲခူးတိုင်း၊ က၀မြို့နယ်၊ သက္ကလကျေးရွာနှင့် ပျော်ဘွယ် ကျေးရွာများ၌ ရေပေးဝေမှုစတင်၊ ဒလနှင့် သန်လျင်၊ သုံးခွ၊ ခရမ်း၊ ပြည်မြို့နယ်များ၌လည်း ရေပေးဝေမှုများ ဆက်လက် လုပ်ဆောင်ခဲ့
၁၆.၄.၂၀၁၀ သုခဆေးခန်း အဆောက်အဦး တစ်ခုလုံးအား အသင်းသူ၊ အသင်းသားများ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ကြ
၁၇.၄.၂၀၁၀ ဦးယုလွင် (မြစ်ကြီးနား) ဈာပန
၂၁.၅.၂၀၁၀ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ကိုလူချောတို့အဖွဲ့နှင့် ပဲခူးတိုင်း ခရမ်းသုံးခွ နယ်များတွင် ရေးပေးဝေခြင်း လုပ်ငန်းများ ပြုလုပ်
၂၂.၅.၂၀၁၀ ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် ကျေးရွာများ၌ အ၀ီစိရေတွင်း (၁၁) တွင်းတူးဖော်ခြင်းနှင့် အုတ်ကန်များ တည်ဆောက်ခြင်း လုပ်ငန်းများစတင်
၂၂.၅.၂၀၁၀ စာပေလောက၌ ကဗျာဆရာများ စုပေါင်း၍ ပန်းချီဆွဲကာ ရေအလှူအတွက် ရံပုံငွေရှာပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လှူဒါန်း
၂၃.၅.၂၀၁၀ ပဲခူးတိုင်း၊ က၀မြို့နယ်ရှိ ကျေးရွာများ၌ အ၀ီစိရေတွင်း (၁၁) တွင်းတူးဖော်ခြင်း၊ အုတ်ကန်များ တည်ဆောက်ခြင်း၊ ကွန်ပရက်ဆာမျာ လှူဒါန်းခြင်း လုပ်ငန်းများစတင် လုပ်ဆောင်
၁၉.၅.၂၀၁၀ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းအမှတ်စဉ်(၁)ဖွင့်လှစ်
၂၆.၅.၂၀၁၀ ကလေးပန်းချီသင်တန်းဖွင့်လှစ်
၁၃.၆.၂၀၁၀ ပဲခူးတိုင်း၊ ပြည်ခရိုင်တွင်းရှိ ကျေးရွာများတွင် အ၀ီစိရေတွင်း(၁၂) တွင်း တူးဖော်ခြင်း၊ အုတ်ကန်များ တည်ဆောက်ခြင်း၊ ကွန်ပရက်ဆာများ လှူဒါန်းခြင်း လုပ်ငန်းများ စတင် လုပ်ဆောင်
၁၉.၆.၂၀၁၀ ဓာတ်မှန်ခန်းဖွင့်လှစ်
၂၈.၆.၂၀၁၀ Moon Soon Land Scaping Group မှအသင်းတွင်း ဥယျာဉ်အလှ စိုက်ပျိုးခြင်း လုပ်ငန်းများ စတင်
၃.၇.၂၀၁၀ “သုခ” ဆေးခန်းလိုင်စင် အတွက် တိုင်းကျန်းမာရေး ဋ္ဌာနမှ လာရောက်စစ်ဆေး
၁၅.၇.၂၀၁၀ ဆရာနန်းညွန့်ဆွေ ဈာပန
၁၇.၇.၂၀၁၀ လူနာနားနေဆောင်ဖွင့်ပွဲ ကျင်းပ
၁၉.၇.၂၀၁၀ ပြည်ခရိုင်တွင် တူးဖော်ပေးခဲ့သော ရေတွင်းများ ရေစက်ချ ဖွင့်ပွဲသို့ သွားရောက်
၎.၈.၂၀၁၀ ပဲခူးတိုင်း၊ က၀မြို့နယ်ရှိ ရွာများတွင် တူးဖော်ပေးခဲ့သော ရေတွင်းများ ရေစက်ချ ဖွင့်ပွဲသို့ သွားရောက်
၁၁.၈.၂၀၁၀ တက္ကသိုလ်ဝင်တန်းနှင့် အထက် အင်္ဂလိပ်စာ 4 Skills သင်တန်း အပတ်စဉ် (၁) စတင်ဖွင့်လှစ်
၈.၈.၂၀၁၀ ကလေးပန်းချီသင်တန်းမှ သင်တန်းဆင်း ကလေးများ၏ ပန်းချီကားများကို “အဖြူထည်တို့၏ပွဲ” ဟု အမည်ပေး၍ ပန်းချီးပြပွဲနှင့် သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
၁၆.၈.၂၀၁၀ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ၀တ်အဖွဲ့အား စတင်ဖွဲ့စည်း
၂၉.၈.၂၀၁၀ “သုခအာဟာရ” စားသောက်ဆိုင် ဖွင့်လှစ်
၃၁.၈.၂၀၁၀ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက် တို့၏ (၂၉) နှစ်မြောက် နှစ်ပတ်လည် မင်္ဂလာအခမ်းအနားကို “သုခအာဟာရ” စားသောက်ဆိုင်တွင်ကျင်းပ
၉.၉.၂၀၁၀ “ပင်အိုရွက်နု” ဟုအမည်ရှိ လူကြီးပန်းချီသင်တန်း စတင်ဖွင့်လှစ်
၁၂.၉.၂၀၁၀ ၂၀၁၀ ပြည့်နှစ်၏ နာရေးလမ်းကြောင်း တစ်သောင်းပြည့်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၀တ်အဖွဲ့ စတင်၍ ၀တ်ရွတ်ဆို ဒါနပြု
၁၉.၉.၂၀၁၀ “သခင်အုန်းမြင့်” ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ပေးခဲ့
၂၂.၁၁.၂၀၁၀ ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင် တို့နှင့် တေးသံရှင် ဟန်ထူးလွင်နှင့် ဇနီး အနဂ္ဂ၊ သံသာဝင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ စုပေါင်း၍ တောင်ဒဂုံမြို့နယ်ရှိ မဖြူဖြူသင်း ထူထောင် ဖွင့်လှစ်ထားရှိသော HIV ဝေဒနာရှင်များအား ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အထည်များ၊ ငွေသားများ သွားရောက်လှူဒါန်းခဲ့
၂၅.၁၁.၂၀၁၀ နာရေးကူညီမှုအသင်းတွင် ရုံးကားအဖြစ် အသုံးပြုရန် အတွက် ဦးဝင်းမြင့်သိန်းမှ ၈ဆ/၁၀၂၂ (Light Truck) မော်တော်ယာဉ် တစ်စီး လာရောက်လှူဒါန်း
၂.၁၁.၂၀၁၀ မင်းလှမြို့၊ နာရေးကူညီမှု အသင်းသို့ ရုပ်ကလာပ်သယ်ရန် စတီးဗန်းနှင့် အခေါင်းဖုံး လှူဒါန်း
၉.၁၂.၂၀၁၀ ကျီစုသုသာန်သို့ မှန်ခေါင်း လှူဒါန်း
၁၀.၁၂.၂၀၁၀ မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများတွင် အ၀ီစိ ရေတွင်း(၆)တွင်း တူးဖော်ခြင်း၊ အုတ်ကန်များ တည်ဆောက်ခြင်း၊ ကွန်ပရက်ဆာများ လှူဒါန်းခြင်း လုပ်ငန်းများစတင် လုပ်ဆောင်
၁၂.၁၂.၂၀၁၀ မင်းလှမြို့၊နာရေးကူညီမှု အသင်းသို့ ဈာပန သယ်ယူပို့ဆောင် ရာတွင် ထော်လာဂျီနှင့် တွဲသုံးရန် နောက်တွဲယာဉ် လှူဒါန်း

FFSS အကြောင်း

သတင်းထုထ်ပြန်ချက်