Slogan
ရက်စွဲမှတ်တမ်း

၂၀၀၄

၂၁.၁.၂၀၀၄ နာရေးကူညီမှု အသင်းအတွက် နေရာပေးခဲ့သည့်၊ နာရေးကူညီမှု အသင်း၏ သြ၀ါဒါစရိယ ဆရာတော်၊ ဗြဟ္မာဝိဟာရ ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ၏ ပျံလွန်တော်မူ
၂၄.၁.၂၀၀၄ နာရေး ကူညီမှု အသင်း၏ သြ၀ါဒါစရိယ ဆရာတော် ဦးဥတ္တရ၏ အန္တိမဈာပနကို တာဝန်ယူလုပ် ဆောင်ရွက်ပေးခဲ့
၁၀.၃.၂၀၀၄ လက်ခတ်တောင်ဆရာတော် အရှင်မင်းဓမ္မမှ နာရေးကူညီမှု အသင်းသို့ အ/၃၄၀၆ (MAZADA E-2000) မော်တော်ယာဉ်တစ်စီး လှူဒါန်း
၂၇.၄.၂၀၀၄ ညောင်ပင်လေးဈေးမှ နာရေးကူညီမှုအသင်းသို့ ကားတစ်စီး လှူဒါန်း
၃၀.၄.၂၀၀၄ စည်ပင်သာယာရေးအဖွဲ့မှ ဖုန်းဆက်၍ ဗိုလ်ချုပ်ခင်ညွန့်မှ နာရေးကူညီမှု အသင်း အတွက် မြောက်ဒဂုံ မြေကွက်ကို အလကား ချပေးမည် ဖြစ်ကြောင်း လာရောက် သတင်းပို့
၂.၅.၂၀၀၄ ဗိုလ်ချုပ်ခင်ညွန့်ထံမှ မြေကွက်ချပေးရန် စာကျလာကြောင်း သတင်းရရှိ
၇.၅.၂၀၀၄ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ မှတ်ပုံတင်ရရှိ (အသင်း မှတ်ပုံတင်အမှတ် - ၁၈၇၉)
၁၁.၅.၂၀၀၄ မန္တလေး၊ ဗိသုကာနာရေးအဖွဲ့နှင့် မတ္တရာ နာရေးအသင်း ဖွင့်ပွဲသို့ ဦးကျော်သူ သွားရောက်ဖွင့်လှစ်
၁၄.၈.၂၀၀၄ တေးရေးတေးဆို ထူအိမ်သင် ဈာပနပြုလုပ်ပေးခဲ့
၁၅.၉.၂၀၀၄ ရေနံချောင်း နာရေးကူညီမှုအသင်း အထိမ်းအမှတ် စာပေဟောပြောပွဲသို့ ဒေါ်သန်းမြင့်အောင် သွားရောက်
၇.၁၀.၂၀၀၄ တောင်တွင်းကြီးမြို့ စိတ္တသုခ နာရေးကူညီမှု အသင်းနှစ်ပါတ်လည် ဟောပြောပွဲသို့ ဆရာတော် ဦးနေမိန္န(ဗြဟ္မစိုရ်)၊ ဦးကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ညီဂျော်တို့ သွားရောက်ဟောပြော
၈.၁၀.၂၀၀၄ အောင်လံမြို့၊ နာရေးကူညီမှု အသင်းသို့ ဆရာတော် ဦးနေမိန္န (ဗြဟ္မစိုရ်)၊ ဦးကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ညီဂျော်တို့ သွားရောက်ဟောပြော

FFSS အကြောင်း

သတင်းထုထ်ပြန်ချက်