ဒဂုံမြို့သစ်​(မြောက်​ပိုင်း)မြို့နယ်​အတွင်း ယာဉ်​တိမ်​မှောက်​မှု ဖြစ်​ပွားရာသို့ အချိန်​နှင့်​ တပြေးညီ ကယ်​ဆယ်​ရေးလုပ်​ငန်းများ ဆောင်​ရွက်​ရန်​ ထွက်​ခွာ

၆.၁.၂၀၁၉ ရက်​နေ့၊ ၁၆း၅၅ အချိန်​ခန့်​တွင်​ ဒဂုံမြို့သစ်​(မြောက်​ပိုင်း)မြို့နယ်​၊ ပင်​လုံလမ်းမပေါ်၊

ငမိုးရိပ်​တံတား-ပါရမီ(ဘေလီတံတား) အတက်​နားတွင်​ Land Cruiser အမျိုးအစား မော်​တော်​ယာဉ်​ တစ်​စီး တိမ်းမှောက်​ထားကြောင်း သတင်းရရှိသဖြင့်​ နာရေးကူညီမှုအသင်း(ရန်​ကုန်​)သီးသန့်​မီးသတ်​တပ်​ဖွဲ့မှ အရေးပေါ်လူနာတင်​ယာဉ်​ တစ်​စီးဖြင့်​ ရှာဖွေကယ်​ဆယ်​ရေး လုပ်​ငန်းများ ဆောင်​ရွက်​ရန်​ ထွက်​ခွာခဲ့ ပြီး အဆိုပါယာဉ်​တိမ်​မှောက်​မှု ဖြစ်​စဉ်​တွင်​ ထိခိုက်​ဒဏ်​ရာရရှိသူ မရှိဘဲ ယာဉ်​ထိန်းရဲတပ်​ဖွဲ့နှင့်​အတူ လိုအပ်​သည်​များအား ကူညီဆောင်​ရွက်​ ပေးခဲ့ပါသည်​။

မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်​။

သတင်း - ရဲသွင်ထွဋ်