၂၀၁၉ အောက်တိုဘာ (၁၅)
နာရေးကူညီမှုအသင်း(ရန်ကုန်)K-Ambulance
အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ
ပဲခူးတိုင်းဒေသကြီး သကျနွယ်
လူမှုကူညီရေးအသင်းတို့ ပူးပေါင်းချိတ်ဆက်ကာ
ပဲခူးမြို့နေ အသက်(၆၄)နှစ်အရွယ်
ကျောက်တည်ဝေဒနာခံစားနေရသူ
အမျိုးသားတစ်ဦးအား ရန်ကုန်-မန္တလေး
အမြန်လမ်းမကြီးပေါ်တွင် ချိတ်ဆက်ကာ
သယ်ဆောင်၍ လူနာအား ရန်ကုန်ဆေးရုံကြီးသို့
ပို့ဆောင်ကူညီခဲ့ကြသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulanc
e အရေးပေါ်လူနာတင်ယာဉ်ဌာန
အနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊
ကျန်းမာရေးဝန်ဆောင်မှုများနှင့်
အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ
(၂၄)နာရီအဆင်သင့် (အခမဲ့)
ကူညီဆောင်ရွက်ပေးလျက်ရှိရာ
အကူအညီများတောင်းခံလိုပါက
ဖုန်း - 09 421119566, 09 31333273
သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။
သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန (F.F.S.S.)