





============================


(၂)ရပ်ကွက်ရှိ အထက(၄)တွင်


















Unicode


စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး

ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်

အသိပညာပေး ဟောပြောပွဲ၊ ငလျင်ဇာတ်တိုက်

လေ့ကျင့်သရုပ်ပြပွဲတွင် ပူးပေါင်း ကူညီဆောင်ရွက်
===========================
၂၃.၉.၂၀၁၉ ရက်နေ့၊ (၀၉း၃၀)အချိန်တွင်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊

(၂)ရပ်ကွက်ရှိ အထက(၄)တွင် မြောက်ဥက္က

လာပမြို့နယ်မီးသတ်စခန်းမှ စခန်းမှူးဦးဆောင်၍

တပ်ဖွဲ့ဝင်များသည် စာသင်ကျောင်းအခြေပြု

မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ၊

သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊

ငလျင်ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲတွင် ကျောင်းသား၊

ကျောင်းသူများအား ဟောပြောခြင်း၊

လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများအား

ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြပြီး

နာရေးကူညီမှုအသင်း(ရန်ကုန်)

သီးသန့်မီးသတ်တပ်ဖွဲ့မှ ပူးပေါင်းပါဝင်

ကူညီဆောင်ရွက် ပေးခဲ့ပါသည်။

မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့်

သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ

အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)

#သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421

သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။
ဓာတ်ပုံ - ပြန်ကြားရေးဌာန #FFSS